Food & Restaurants Review: အဆင့်မီဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲထားတဲ့ နှစ်ထပ်ဘတ်စ်ကား

ဇနီးမောင်နှံနှစ်ဦးရဲ့ စိတ်ကူးဖြစ်ပါတယ်။

play

 

ဆူဆန်မိုဆီယာနဲ့ သူမရဲ့ခင်ပွန်း ဖီးလစ်တို့ဟာ ဒေါ်လာ ၆၇၀၀ နဲ့ ဘတ်စ်ကားတစ်စီး ဝယ်ပြီး  ၁၃ သိန်းကျော် ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲလိုက်ပါတယ်။

play

 

၁၉၆၀ ပြည့်နှစ်များက ထုတ်ခဲ့တဲ့ ရှေးဟောင်း လန်ဒန်ဘတ်စ်ကားကြီးထဲမှာ ခေတ်မီပစ္စည်းတွေ ထည့်သွင်းပြီး

နေချင်စဖွယ် ဟိုတယ်အဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အတွင်းမှာ ရေပူရေအေးချိုးလို့ရတဲ့ ရေချိုးကန်တောင် ပါပါသေးတယ်။

အိမ်တစ်လုံးလို ဖြစ်စေဖို့ အရင်ဆုံး ဘတ်စ်ကားရဲ့ အတွင်းပိုင်းကို ရှင်းလင်းပြီး ရေပိုက်တွေနဲ့ လျှပ်စစ်မီးတွေ ဆင်ရပါတယ်။

play

 

အောက်ထပ်ကို ရေချိုးခန်းကျယ်ကြီးအဖြစ် ပြောင်းလဲပြီး ရေချိုးကြွေကန်၊ တီဗွီ၊ နီရွန်မီးတွေ တပ်ဆင်ထားပြီး အပ်ါထပ်ကိုတော့ အိပ်ခန်းပြုလုပ်ကာ နှစ်ယောက်အိပ်ခုတင်၊ ဆိုဖာထိုင်ခုံတွေနဲ့ စာပွဲတစ်လုံးချကာ ပြင်ဆင်ထားပါတယ်။

ကားအပြင်ကို ထွက်လိုက်ရင်တော့ ဂျာကူဇီတစ်ခုနဲ့ ပန်းခြံလေးတစ်ခုကို တွေ့နိုင်ပါတယ်။ ဝိုင်ဖိုင်လည်း ရပါတယ်။

play

 

ယင်းဟိုတယ်မှာ နေထိုင်ချင်တယ်ဆိုရင်တော့ တနင်္ဂနွေကနေ ကြာသပတေးအထိ တစ်ညကို ပေါင် ၂၂၀ (ဒေါ်လာ ၃၀၀ ခန့်) ကျသင့်မှာ ဖြစ်ပြီး သောကြာနဲ့ စနေနေ့မှာ နေချင်တယ်ဆိုရင်တော့ ပေါင် ၂၅၀ (ဒေါ်လာ ၃၃၀ ကျော်) ကျသင့်မှာ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ