Food & Restaurants Review: တရုတ်ကျေးရွားလေးတစ်ရွာမှ တည်သီးများ ရိတ်သိမ်းနေလှန်းမှု မြင်ကွင်း

, updated

တည်သီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။

play


တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကျေးရွာတစ်ရွာမှာ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက တည်သီးများကို ၎င်းတို့ နေအိမ်ခေါင်မိုးများပေါ်မှာ နေလှန်းထားလေ့ ရှိပါတယ်။ တည်သီးများ စိုက်ပျိုးထုတ်လုပ်မှုဟာ ဖူဂျီအန်းပြည်နယ် ဒေသခံတွေအတွက် အဓိကကျတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းလည်း ဖြစ်ပါတယ်။

play


တည်သီးများ ခူးဆွတ်တဲ့ရာသီမှာ ဒေသခံတွေက တည်သီးတွေကို ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းမပြုမီ နေရောင်ပြင်းပြင်းမှာ လှန်းထားလေ့ရှိကြောင်း သိရပါတယ်။ ၎င်းတို့ရဲ့ ရိုးရာနည်းလမ်းအရ တည်သီးတွေကို နေလှန်းထားခြင်းဖြင့် ကြာရှည်အထားခံပြီး ရက်ပေါင်း ၅၀ အထိထားနိုင်တယ်လို့ ဆိုပါတယ်။

play


တရုတ်လူမျိုးများကြားမှာ နေလှန်းထားတဲ့ တည်သီးတွေကို ရှီဘင်းလို့ ခေါ်ဝေါ်ကြပြီး လူကြိုက်များပါတယ်။ တည်သီးအခွံတွေကိုလည်း တိရစ္ဆာန်တွေကို ကျွေးမွေးလေ့ရှိကြောင်း သိရပါတယ်။ တည်သီးဟာ တရုတ်နဲ့ အရှေ့အာရှတစ်လွှားမှ နိုင်ငံတွေမှာ လူကြိုက်များသလို ဗြိတိန်နိုင်ငံမှာလည်း နှစ်သက်ကြတယ်လို့ ဆိုပါတယ်။

play


တည်သီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ တည်သီးမှာ polyphenol နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်မှု၊ အမျှင်ဓာတ်လည်း ပါဝင်မှုကြောင့် အရွယ်တင်နုပျိုစေပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်စေကာ သွေးကြောများအတွင်း ပိတ်ဆို့မှု မဖြစ်စေအောင် ကူညီပေးကြောင်း သိရပါတယ်။ တရုတ်ကျေးရွာလေးမှ တည်သီများနေလှန်းရာသီ မြင်ကွင်းတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက တစ်မူထူးခြားလို့ အမြင်ဆန်းနေပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ