Food & Restaurants Review: အလုပ်ထွက်ကာ ပိုင်ဆိုင်မှုအားလုံး ရောင်းချပြီး ငါးနှစ်ကြာ ဟန်းနီးမွန်းထွက်ခဲ့တဲ့ စုံတွဲ

ပိုင်ဆိုင်မှုအားလုံးကို ရောင်းချခဲ့ပြီးတဲ့နောက် သူတို့ဟာ နိုင်ငံပေါင်း ၅၀ ကျော်ကို ရောက်ရှိခဲ့ပါတယ်။

play

 

စွန့်စားသွားလာရနေတာကို ကြိုက်နှစ်သက်တဲ့ စိတ်တူကိုယ်တူ စုံတွဲတစ်တွဲဟာ လက်ထပ်ပြီးတဲ့နောက် အလုပ်ထွက်လိုက်ကြပြီး အချိန်ငါးနှစ်ကြာမြင့်တဲ့ သူတို့ရဲ့ဟန်းနီးမွန်းခရီးစဉ်ကို အကောင်အထည် ဖော်လိုက်ပါတယ်။ မင်္ဂလာဆောင်ပြီးနောက် သူတို့နှစ်ဦးထွက်လိုက်တဲ့ခရီးဟာ ငါးနှစ်တောင်ကြာသွားလို့ ကမ္ဘာ့အကြာဆုံး ဟန်းနီးမွန်းခရီးစဉ်ဖြစ်သွားခဲ့ပါတယ်။ ဒီလိုခရီးထွက်ဖို့အတွက် သူတို့ဘက်က ပြန်လည်ပေးဆပ်ခဲ့ရတာတွေတော့ရှိပါတယ်။ အန်းနဲ့ မိုက်ခ်ဟောင်းဝက်ဒ်တို့ဟာ နယူးယော့ခ်က အိမ်ကိုရောင်းလိုက်ရုံသာမက အလုပ်ပါ ထွက်ခဲ့ရတာဖြစ်ပါတယ်။ သူတို့သမီး အန်းန်က မဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာဖြစ်ပြီး မိုက်ခ်ကတော့ ဒစ်ဂျစ်တယ်မီဒီယာအသိုင်းအဝိုင်းထဲမှာ အလုပ်လုပ်နေရသူဖြစ်ပါတယ်။

play

 

" ကျွန်တော်တို့ အသက် ၆၅ နှစ်ရောက်တဲ့အထိတော့ စောင့်မနေနိုင်ဘူးလေ။ ဒါက စွန့်စားရာကျတယ်။ ကျွန်တော်တို့ ငယ်ရွယ်တုန်း၊ ကျန်းမာနေတုန်းမှာပဲ ခရီးထွက်ချင်တယ်" လို့ မိုက်ခ်ကဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

play

 

သူတို့ဟာ ငါးနှစ်အတွင်း ကမ္ဘာ့တိုက်ကြီး ၇ တိုက်လုံးကို ရောက်ရှိပြီးသွားပြီလို့ သိရပါတယ်။ သူတို့စုံတွဲ ရောက်ခဲ့တဲ့ နိုင်ငံပေါင်းဟာ ၅၀ ကျော်တောင် ရှိလာခဲ့ပါပြီ။ အစပိုင်းမှာတော့ စုဆောင်းထားတဲ့ ငွေနဲ့သာခရီးထွက်ရတာဖြစ်လို့ သူတို့နှစ်ဦးလုံးအတော်လေး ချွေတာရပါတယ်။ နောက်ပိုင်းမှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ HoneyTrek ရဲ့ ထောက်ပံ့မှုကို သူတို့နှစ်ဦး ရရှိခဲ့ပါတယ်။

play

 

ကာလကြာရှည် ဟန်းနီးမွန်းထွက်ချင်သူတွေ၊ ခရီးထွက်ချင်သူတွေအတွက် ငွေနည်းနည်းနဲ့ ခရီးထွက်နည်းဆိုတဲ့ အကြံပေးချက်တွေကို ရေးသားပေးပြီးနောက်ပိုင်းမှာ သူတို့ဟာ ဝင်ငွေဖြောင့်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ အခုဆိုရင် ခရီးထွက်တဲ့အခါ တစ်ရက်ကို ၁၂ ဒေါ်လာလောက်ကို လောက်ငှအောင်သုံးစွဲနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

Source : Mirror

ဘယ်အချိန် ကမ္ဘာပတ်ပြီး ခရီးထွက်သင့်သလဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ