Food & Restaurants Review: အအေးမိတာ မြန်မြန်ပျောက်ဖို့ စားသင့်တဲ့အစားအစာ (၅) မျိုး

အစာလည်းဆေး၊ ဆေးလည်းအစာပါ။

play

 

ရာသီဥတုက အေးလာပြီဆိုတော့ အအေးမိတုပ်ကွေးဖြစ်သူတွေလည်း ရှိလာပါတယ်။ အအေးမိတာကို အမြန်ဆုံးသက်သာပျောက်ကင်းဖို့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ သောက်ရမယ့်အပြင် ဖြည့်စွက်အာဟာရလည်း လိုအပ်ပါတယ်။ အာဟာရပညာရှင်တွေကတော့ အအေးမိတာ မြန်မြန်ပျောက်ဖို့ ဒါတွေစားပါလို့ ညွှန်းထားပါတယ်။

play

 

(၁) စွပ်ပြုတ်

အမဲသားစွပ်ပြုတ် စားရင် အကောင်းဆုံးပါပဲ။ ကြက်စွပ်ပြုတ်သောက်လည်း ရပါတယ်။ ဇင့်၊ သံဓာတ်နဲ့ ဆယ်လီနီယမ်တို့ ပါဝင်နေလို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဆားတော့ လျှော့ထည့်ပါ။

play

 

(၂) ပူစပ်တဲ့အရာတွေ

ကြက်သွန်ဖြူနဲ့ အပူအစပ်တွေကလည်း သင့်ကိုနေမကောင်းဖြစ်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

play

 

(၃) ချဉ်တဲ့သစ်သီးများ

ဗီတာမင် စီက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာ အားလုံးသိမှာပါ။ ဒါတင်မက အအေးမမိအောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ ကီဝီသီးတို့ဟာ အအေးမိချိန်မှာ စားပေးဖို့အကောင်းဆုံးပါပဲ။ အအေးမိတာကို အမြန်ဆုံးသက်သာစေတယ်လို့လည်း သုတေသနတစ်ခုက ဆိုထားပါတယ်။

play

 

(၄) ကန်စွန်းဥ

အဝါရောင်ကန်စွန်းဥမှာ ဗီတာမင်အေ၊ ဗီတာမင် B6 တို့လို့ ကိုယ်ခံစွမ်းအားတက်စေတဲ့ အရာတွေ ပါဝင်ပါတယ်။

play

 

(၅) အခွံမာအစေ့အဆံ

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီတွေ ပါဝင်ပါတယ်။ သူကလည်းပဲ ကိုယ်ခံစွမ်းအားကို ကောင်းစေနိုင်ပါတယ်။ ဟားဗတ်ဆေးကျောင်းရဲ့ အဆိုအရတော့ သွေးထဲမှာ ကိုလက်စထရောဖြစ်ပေါ်မှုကို အားမပေးတဲ့ Polyunsaturated ဆီတွေက ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

Source : Men Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ