Food & Restaurants Review: ပီကေဝါးရင် ရမယ့် အကျိုးကျေးဇူး (၃) ခု

သုတေသနတစ်ခုအရ ပီကေဝါးတာဟာ တက်ကြွနိုးကြားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

play

 

၁ - အာရုံစိုက်နိုင်စွမ်း မြင့်မား

အလုပ်ထဲမှာ အိပ်ချင်တဲ့အခါ၊ ထိုင်းမှိုင်းတဲ့အခါမျိုးမှာ ပီကေဝါးလိုက်ရင် အာရုံစူးစိုက်မှု ပြန်လည်ရရှိနိုင်ပါတယ်။ Nutritional Neuroscience ဂျာနယ်မှာ ၂၀၀၉ ခုနှစ်က ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ ပီကေဝါးတာဟာ တက်ကြွနိုးကြားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

၂ - သွားကျန်းမာရေး

play

 

ပီကေဝါးခြင်းဟာ သွားကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ ပီကေဝါးခြင်းနဲ့ သွားတွေကို သန့်ရှင်းစေပြီး သွားအခေါင်းပေါက်ထဲ သွားပိုးစားခြင်းတွေကို ကာကွယ်ပေးပါတယ်။

၃ - ဖိအား

play

 

ပီကေဝါးနေတဲ့အခါ လူ့စိတ်မှာဖြစ်ပေါ်နေတဲ့ တင်းကြပ်မှုကို ပြေလျော့စေပါတယ်။ The Health Site ကျန်းမာရေးဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်အရ စိတ်ခံစားမှုအခြေအနေနဲ့ ပီကေးဝါးမှုကြားထဲမှာ ဆက်စပ်မှုရှိတာကို သုတေသနသမားတွေက တွေ့ရှိထားပါတယ်။

Photos & Source: ZeeNews

ပီကေဝါးလေ့ ရှိလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ