Food & Restaurants Review: ဝိတ်ချချင်သူတွေအတွက် အကျိုးရှိစေမယ့် ဂေါ်ဖီထုပ်စွပ်ပြုတ်

ချက်နည်းကလည်း မခက်ပါဘူး။

play

 

ကိုယ်အလေးချိန် လျော့ကျဖို့ဆိုတာ အစားဆင်ခြင်ဖို့က အရေးကြီးဆုံးပါပဲ။ ဝိတ်လည်းကျချင် အစားလည်းမလျှော့ချင်ဘူးဆိုရင်တော့ ခက်ပြီပေါ့။ တကယ်လို့ ဗိုက်ဆာချိန်မှာ ဂေါ်ဖီထုပ်စွပ်ပြုတ်လေး သောက်ထားမယ်ဆို အစာခံပြီး ကိုယ်အလေးချိန်လည်း ကျလာမှာသေချာပါတယ်။

play

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ တရုတ်နံနံကြီး၊ ကြက်သားပြုတ်ရည်၊ ရှာလကာရည် (သို့မဟုတ် သံပုရာသီး)၊ ငြုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူတို့ပဲ ဖြစ်ပါတယ်။

play

ချက်နည်းကလည်း မခက်ပါဘူး။ ကြက်သားပြုတ်ရည်ထဲကို ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။ ဟင်းရည်ဆူလာမှ ငြုပ်ကောင်းမှုန့်လေး ခတ်လိုက်ရုံပါပဲ။ အရသာရှိပြီး ကိုယ်အလေးချိန်မတက်စေတဲ့ ဂေါ်ဖီထုပ်စွပ်ပြုတ်က ဝိတ်လျှော့နေသူတွေအတွက် ရလဒ်ကောင်းတွေ ပိုင်ဆိုင်စေပါလိမ့်မယ်။

Source : Food

ဘယ်လိုနည်းလမ်းမျိုးနဲ့ ဝိတ်ချဖူးပါသလဲ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ