Food & Restaurants Review: အားလပ်ရက်ထွက်ပြီး အလုပ်ပြန်ဆင်းတော့မယ်ဆိုရင်

, updated

စစအလုပ်ဆင်းတဲ့နေ့မှာ စိတ်တွေလန်းဆန်းနေလို့ ပိုလုပ်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။

play

 

၁ - ပိုလုပ်ပါ

မသွားခင် ပိုလုပ်ထားခဲ့ပါ။ ဒီလိုလုပ်ထားခဲ့တာကြောင့် သင်ဟာ ရှေ့ကို နည်းနည်းရောက်နေပြီး ဒီခံစားချက်နဲ့ အားလပ်ရက်ထွက်ရတာက ပိုလွပ်လပ်ပါတယ်။ ပြန်လာတဲ့အခါမှာလည်း အလုပ်ပိုလုပ်နိုင်ပါတယ်။ အများကြီး လုပ်ထားနိုင်ခဲ့တယ်ဆိုရင်တော့ အလုပ်ပြန်တက်တဲ့အခါ သက်သောင့်သက်သာ ရှိပါတယ်။

play

 

၂ - သင့်အခွင့်အရေး

အီးမေးလ်တွေ၊ ဖုန်းခေါ်တာတွေကို မေ့ထားလို့ရရင် အကောင်းဆုံးပါပဲ။ ဒီ့အတွက် လွှဲရမယ့် အလုပ်တွေကို သေချာလွှဲခဲ့ပါ။ မှာရမယ့်ကိစ္စတွေကို သေချာမှာခဲ့ပါ။

၃ - အိပ်ချိန်

အိပ်ချိန် အပြောင်းအလဲ၊ နေရာအပြောင်းအလဲကြောင့် အိပ်ရေးမဝတာမျိုး ဖြစ်နိုင်ပါတယ်။ အတတ်နိုင်ဆုံး အိပ်ပျော်အောင် အိပ်ပါ။ အိပ်ရေးဝဝအိပ်ပြီး မနက်စောစော လည်ပတ်တာမျိုးက အကောင်းဆုံးပါ။

play

 

၎ - ခရီးထွက်ခြင်းရဲ့ အဓိပ္ပါယ်

အလုပ်ကအနားယူပြီး ခရီးထွက်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းစေဖို့ပါ။ အဓိကဖြစ်တဲ့ ဒီအချက်ကို သတိပြုပါ။ တော်ရုံလောက်နဲ့ စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့။ စိတ်မကြည်မလင်ဖြစ်ခဲ့ရင် ဒီခံစားချက်က အလုပ်ပြန်ဆင်းတဲ့ထိ မပြေပျောက်တာမျိုး ဖြစ်နိုင်ပါတယ်။

၅ - စောစောပြန်လာ

ပြန်လာလာချင်း အလုပ်ပြန်ဆင်းရမယ့် ရက်ကို မရွေးသင့်ပါဘူး။ စနေနေ့ အိမ်အရောက်ပြန်၊  တနင်္ဂနွေနေ့ အိမ်မှာနားပြီး အလုပ်ပြန်ဆင်းရတာမျိုးက ပိုအဆင်ပြေပါတယ်။ သင့်ရဲ့ အားလပ်ရက်တွင်း ခံစားချက်စိတ်အခြေအနေကို ရုတ်တရက်ပြောင်းလိုက်ရတာမျိုးက အဆင်ပြေမှာ မဟုတ်ပါဘူး။ အလုပ်မှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေနိုင်ပါတယ်။

play

 

၆ - ပိုမလုပ်နဲ့

အလုပ်စဆင်းတဲ့နေ့မှာ စိတ်တွေလန်းဆန်းနေလို့ ပိုလုပ်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ အလုပ်ထဲမှာလည်း မလိုအပ်ဘဲ အချိန်ပိုကြာအောင် မနေပါနဲ့။

၇ - ရောက်တဲ့မနက်

ရောက်တဲ့မနက်မှာ သင့်အလုပ်စားပွဲကို ရှင်းပါ။ လုပ်ရမယ့် အစီစဉ်ကို ချရေးပြီး တစ်ခုချင်း ရှင်းပစ်ပါ။

play

 

၈ - အားစိုက်ပါ

တနင်္လာနေ့လောက်မှာ အလုပ်ဆင်းပြီး အင်္ဂါ၊ဗုဒ္ဓဟူးနဲ့ ကြာသာပတေးရက်တွေမှာ အားစိုက်လုပ်ဆောင်ပါ။

၉ - ပြန်လိုက်ပါ

အားလပ်ရက်တွင်း သင်ပြတ်သွားတဲ့ လုပ်ငန်းခွင်အခြေအနေကို ပြန်လည်မေးမြန်းပါ။

play

 

Photos & Source:wikiHow

ခရီးက ပြန်လာပြီး ချက်ချင်းအလုပ်ဆင်းတဲ့အခါ ဒါတွေဖြစ်တယ်»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ