Food & Restaurants Review: ထောပတ်သီးအငွေ့အသက်တွေ လွှမ်းခြုံထားမယ့် ထောပတ်သီးကဖေး

နာမည်နဲ့တင် စိတ်ဝင်စားစရာကောင်းနေပါပြီ။

play

 

ထောပတ်သီးကြိုက်တဲ့လူတွေအတွက် သွားချင်စိတ်ပေါက်လာမှာ သေချာတဲ့ ထောပတ်သီးကဖေးကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ဖွင့်လှစ်တော့မှာပါ။ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေပေးတဲ့ ထောပတ်သီးကို အထူးတလည် ဆင်ယင်ထားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

 

ထောပတ်သီးကဖေး ဆိုပေမဲ့ ထောပတ်သီးချည်း ပြင်ဆင်ရောင်းချမှာတော့ မဟုတ်ပါဘူး။ ဆိုင်မှာရှိတဲ့ အစားအစာတွေ၊ ကိုယ်မှာယူစားသုံးမယ့် စားဖွယ်တွေတိုင်းမှာ ထောပတ်သီး ဖြည့်စွက်ပေးထားမယ်လို့ ဆိုပါတယ်။

play

 

ဆိုင်နာမည်ကိုတော့ The Avocado Show လို့ အမည်ပေးထားပါတယ်။ ဒီဆိုင်လေးမှာ မနက်စာ၊ မနက်စာနဲ့နေ့လယ်စာပေါင်းထားတဲ့ brunch ၊ နေ့လယ်စာနဲ့ ညစာတို့ကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

Source : Huffpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ