Food & Restaurants Review: သစ်ပင်တွေသီချင်းဆိုကြတဲ့ ဂီတပန်းခြံ

ခလုတ်နှိပ်လိုက်ရုံနဲ့သီချင်းသံ ထွက်ပေါ်လာမှာပါ။ 

play

 

ဒိန်းမတ်နိုင်ငံက ပန်းခြံတစ်ခုမှာရှိတဲ့ သစ်ပင်တိုင်းဟာ တစ်နှစ်ပတ်လုံးလိုလို သီချင်းသံတွေ ပျံ့လွင့်နေပါတယ်။ ဒီပန်းခြံကို Park of Music (ဂီတပန်းခြံ)လို့ အမည်ပေးထားပါသတဲ့။ အောလ်ဘော့ဂ်မြို့မှာ တည်ရှိပါတယ်။

 

ဒီပန်းခြံက ဂီတပညာရှင်တွေနဲ့ ပတ်သက်ပြီးတော့လည်း ရာဇဝင်ရှိပါသေးတယ်။ ၁၉၈၀ ခုနှစ်တွေကစပြီး ဂီတပညာရှင်တွေ၊ အဆိုတော်တွေကို ပန်းခြံကိုလာရောက်ကာ သစ်ပင်တစ်ပင်စီ စိုက်ပျိုးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ ဂီတပညာရှင်တွေကို ကိုယ်စားပြုတဲ့ သစ်ပင်တွေအဖြစ် ဝက်သစ်ချပင်နဲ့ ချယ်ရီပင် ၈၀ ကျော် စိုက်ပျိုးခဲ့ကြပါတယ်။ အပင်တစ်ပင်ချင်းစီမှာ အဆိုတော်တစ်ယောက်ချင်းစီရဲ့အမည် တံဆိပ်ပြားတွေ ကပ်ပေးထားပါတယ်။

play

 

၂၀၁၂ ခုနှစ်မှာတော့ ယင်းသစ်ပင်တွေမှာ သက်ဆိုင်ရာအဆိုတော်ရဲ့သီချင်းတွေကို နားဆင်နိုင်အောင် စတင်ပြုလုပ်ခဲ့ပါတယ်။ သစ်ပင်တစ်ပင်အောက်ကိုရောက်တာနဲ့ အဆိုတော်ရဲ့အမည်ကိုမြင်ရမှာဖြစ်ပြီး ခလုတ်နှိပ်လိုက်ရုံနဲ့ ယင်းအဆိုတော်ရဲ့သီချင်းသံ ထွက်ပေါ်လာမှာပါ။  သီချင်းအမျိုးအစား ဂီတအမျိုးအစား အစုံအလင်ကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ ဂီတပန်းခြံထဲက သစ်ပင်တွေဟာ တစ်နှစ်ကို အကြိမ်ပေါင်းသုံးသိန်းခန့် သီချင်းဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

Source : MNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ