Food & Restaurants Review: မနက်စာမှာ ပါဝင်သင့်တဲ့ အစားအစာ (၃) မျိုး

ကန်စွန်းဥကလည်း မနက်စာမှာထည့်စားသင့်တဲ့အရာတစ်မျိုးပါပဲ။

play

 

တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှုတွေအတွက် ခွန်အားတွေရရှိအောင် မနက်စာကို ကောင်းကောင်းစားဖို့လိုပါတယ်။ ကောင်းကောင်းစားရမယ်ဆိုတာက ဈေးကြီးပေးရတာတွေပဲ စားရမယ်လို့ မဆိုလိုပါဘူး။ ကျန်းမာရေးနဲ့ သင့်လျော်ပြီး ခွန်အားဖြစ်စေတဲ့အရာတွေ ထည့်သွင်းစားသောက်ဖို့ ဆိုလိုတာပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဖြစ်မယ့် မနက်စာအတွက် ဒါတွေထည့်စားပေးသင့်ပါတယ်။

play

 

၁။ အသားဓာတ်

ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်ကို မနက်စာမှာထည့်သွင်းစားရင် ခွန်အားတွေပြည့်ဝပြီး အလုပ်လုပ်လို့ကောင်းပြီပေါ့။ အသားကို ကြော်ချက်ပြီး တိုက်ရိုက်စားတာမျိုး မကြိုက်ဘူးဆိုရင် အသားညှပ်ထားတဲ့မုန့်လေး စားရုံပေါ့။

play

 

၂။ ကန်စွန်းဥ

ဦးနှောက်ရဲ့စွမ်းရည်ကို ချက်ခြင်းမြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တက်ကြွပြီး ခွန်အားရှိစေမှာပါ။ ကာဗိုဟိုက်ဒြိတ်လို့ခေါ်တဲ့ ကစီဓာတ်ကြောင့်လည်း ခွန်အားတွေရရှိပြီး အလုပ်တွေပိုလုပ်နိုင်မှာဖြစ်ပါတယ်။

play

 

၃။ သီးရွက်စုံသုပ်

ဟင်းသီးဟင်းရွက်ဆိုတာ မနက်ရယ်၊ နေ့လယ်ရယ်လို့ ခွဲခြားပြီး စားရမှာမဟုတ်ပါဘူး။ မနက်ခင်းမှာတည်းက လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။ သီးစုံသုပ်တစ်ပွဲနဲ့ ကြက်ဥကြော်တစ်လုံးဆိုရင်ပဲ ဗိုက်လည်းပြည့် အာဟာရလည်းဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက သင့်ကိုလန်းဆန်းတက်ကြွစေမှာပါ။

Source : Motto

သခွားသီးနဲ့ထောပတ်သီး ပေါင်းစပ်တဲ့ သီးစုံသုပ်ပြုလုပ်နည်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ