Food & Restaurants Review: အိမ်မွေးတိရစ္တာန်လေးနဲ့ ခရီးသွားမယ်ဆိုရင် သိသင့်တဲ့အချက် (၅) ချက်

ရထားနဲ့ခရီးထွက်မယ်ဆိုရင်တော့ တိရစ္တာန်တွေကို တင်ဆောင်လို့မရပါဘူး။

play

 

ကိုယ်သွားရမယ့်ခရီးမှာ အချစ်တော်ခွေးလေး၊ ကြောင်လေးတွေကို မဖြစ်မနေခေါ်ဖို့ ဖြစ်လာစရာတွေ ရှိတတ်ပါတယ်။ တမင်ခေါ်ချင်လို့ဖြစ်စေ မဖြစ်မနေ ခေါ်ရမှာမို့လို့ဖြစ်စေ ခွေးလေး၊ ကြောင်လေးတွေနဲ့ ခရီးထွက်ရတာ လွယ်တော့မလွယ်ကူပါဘူး။ ဒါပေမဲ့လည်း ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ မဖြစ်နိုင်စရာမရှိဘူးပေါ့။

play

 

၁။ လေကြောင်း

လေယာဉ်နဲ့ ခရီးထွက်မယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေကို ခေါ်လို့ရပါတယ်။ သူတို့အတွက် သီးသန့်နေရာကတစ်ဆင့် လိုက်ပါခွင့်ရမှာပါ။ ဘယ်လေကြောင်းလိုင်းတွေက ကိုယ့်အချစ်တော်ခွေးလေးကို ဘယ်လိုမျိုးခေါ်ဆောင်မလဲဆိုတာကိုတော့ ကြိုပြီးစုံစမ်းထားရပါမယ်။

၂။ ရထား

ရထားနဲ့ခရီးထွက်မယ်ဆိုရင်တော့ တိရစ္တာန်တွေကို တင်ဆောင်လို့မရပါဘူး။

၃။ သင်္ဘော

နယ်ဘက်မှာစီးရတဲ့ မော်တော်၊ ရှပ်ပြေးတွေဆိုရင်လည်း မစီးခင်မှာ ကြိုပြီးမေးထားဖို့လိုပါတယ်။ အချို့က လက်ခံပေမဲ့ အချို့က လက်မခံပါဘူး။ အပျော်စီးသင်္ဘောတွေဆိုရင်လည်း ဒီအတိုင်းပါပဲ။

play

 

၎။ ယာဉ်အငှားဝန်ဆောင်မှု

ကားငှားတဲ့ အေဂျင်စီတွေကတော့ အိမ်မွေးတိရစ္တာန်တွေကို တင်ခွင့်ပြုကြပါတယ်။ ခွေးတွေကြောင်တွေကို ကိုယ်နဲ့တစ်ပါတည်းခေါ်ချင်ရင်တော့ ဒီနည်းလမ်းက အကောင်းဆုံးဖြစ်မှာပါ။

၅။ ဟိုတယ်

ဟိုတယ်ကြီးတွေအားလုံးနီးပါးက သင့်ကြောင်လေးကို အခန်းထဲခေါ်ခွင့်ပြုမှာမဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာသာမက နိုင်ငံတိုင်းက ဟိုတယ်ကြီးတွေအားလုံးက တိရိစ္ဆာန်ခေါ်ခွင့် ပြုထားတာ အတော်ကိုရှားပါတယ်။ ဒီတော့ ဟိုတယ်အသေးစားတွေ၊ မိုတယ်တွေဆိုရင်တော့ ခွင့်ပြုကောင်း ခွင့်ပြုနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်သွားမယ့်နေရာ၊ တည်းရမယ့်နေရာကို မသွားခင်ကြိုစုံစမ်းပြီးမှ ကိုယ့်အချစ်တော်လေးတွေကို ခေါ်သင့်မခေါ်သင့် ဆုံးဖြတ်ပါ။

Source : Fodor

အားလပ်ရက်ထွက်ပြီး အလုပ်ပြန်ဆင်းတော့မယ်ဆိုရင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ