ဟင်းသီးဟင်းရွက်များများစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွှတ်တာကို ကျွန်တော်တို့အားလုံး သိထားကြပြီးသားပါ။
 

ဟင်းသီးဟင်းရွက်များများစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွှတ်တာကို ကျွန်တော်တို့အားလုံး သိထားကြပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ ထင်သလောက်မစားဖြစ်ကြပါဘူး။ အဓိကအကြောင်းပြချက်ကတော့ ဟင်းသီးဟင်းရွက်စားရတာ အသားစားရတာလောက် ခံတွင်းမမြိန်လို့ပါပဲ။

ဒီနေ့မှာတော့ ခံတွင်းလည်းမြိန်စေမယ့်၊ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်ဟင်းလျာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပန်းဂေါ်ဖီ ဂျင်းကြော်ချက်

 

ပန်းဂေါ်ဖီ (အရပ်အခေါ် ပန်းပွင့်) ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥလေးနဲ့ပဲရောပြီးကြော်ကြော်၊ ပဲငံပြာရည်လေးနဲ့ပဲ ကြော်ချက်လေးချက်ချက်၊ တခြားဟင်းသီးဟင်းရွက်တွေနဲ့ရောပြီး သီးစုံသနပ်လေးပဲလုပ်လုပ် စားလို့ကောင်းတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးပါ။

ဒီနေ့မှာတော့ ပန်းဂေါ်ဖီကို ဂျင်းနဲ့ရောပြီး အရသာတမူထူးခြားတဲ့ဟင်းလျာလေးတမယ်ကို ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ ဒီဟင်းလျာလေးကိုတော့ ခေါက်ဆွဲနဲ့ပဲဖြစ်ဖြစ်၊ ထမင်းကြော်နဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ပဲဆီ (သို့) နှမ်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူဥ လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာ၊ နုတ်နုတ်စင်းထားတဲ့ ဂျင်းတက် လက်ဖက်ရည်ဇွန်း (၄) ဇွန်းစာ၊ ပန်းဂေါ်ဖီ (၁) ထုပ်၊ ရေသန့် လက်ဖက်ရည်ဇွန်း (၃) ဇွန်းစာ၊ ငံပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ပဲ ဖြစ်ကြပါတယ်။

ပြုလုပ်နည်းကတော့ အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီကိုအရင်အပူပေးလိုက်ပါ။ ပြီးရင် နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းကိုထည့်ပြီး စက္ကန့် (၃၀) ကနေ (၁) မိနစ်ကြားအချိန်ကြာအောင် ဆီသတ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းဂေါ်ဖီကိုထည့်ပြီး ချက်ပြုတ်ပေးနိုင်ပါပြီ။ (၂) မိနစ်လောက်ကြာရင်တောာ့ ပန်းဂေါ်ဖီတွေ အရောင်နည်းနည်းပြောင်းလာပါလိမ့်မယ်။ ပြီးရင် အပေါ်က ရေနဲ့ ငံပြာရည် နည်းနည်းအုပ်ပေးလိုက်ပါ။ အပူချိန်ကိုလည်း medium သို့လျှော့ချပေးလိုက်ပါ။ ပြီးရင်တော့ အဖုံးအုပ်ပြီး (၃) မိနစ်ခန့်ကြာအောင် ထားပေးလိုက်ပါ။ (၃) မိနစ်ပြည့်ရင်တော့ ရှာလကာရည်လေး အပေါ်က အုပ်ပေးဖို့မမေ့ပါနဲ့ဦး။

၂။ ဂျပန်သခွားသီးသုပ်

 

ဂျပန်သခွားသီးသုပ်လေးကတော့ ရိုးရှင်းပြီး စားလို့ကောင်းတဲ့ဟင်းလျာလေးတစ်နပ် ဖြစ်ပါတယ်။ ထမင်းနဲ့တွဲဖက်စားသုံးနိုင်သလို ဒီတိုင်းစားလို့လည်းအဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ အရွယ်တော် သခွားသီး (၂) လုံး၊ ဆန် ရှာလကာရည် အနည်းငယ်၊ သကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆား အနည်းငယ်၊ နှမ်းစေ့လှော်ပြီးသား လက်ဖက်ရည်ဇွန်း (၂) ဇွန်း တို့ပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ အရင်ဆုံး သခွားသီးတွေကို အခွံခွာလိုက်ပါ။ ပြီးရင်သခွားသီးတွေကို အလည်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ သခွားသီးအစေ့တွေကိုတော့ ဇွန်းလေးတစ်ချောင်းနဲ့ ကလော်ထုတ်ပေးလိုက်ပါ။ ပြီးရင်အာလူးအခွံခွာတဲ့ဓား (သို့) ဓားထက်ထက်တစ်ချောင်းကိုသုံးပြီး သခွားသီးတွေကို ပါးပါးလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ရလာတဲ့သခွားသီးဖတ်တွေကို စက္ကူတစ်ရှူးတစ်ရွက်ထဲ ထည့်ပြီး အစိုဓာတ်ကုန်ခမ်းသွားအောင် အသာအယာလေးညှစ်ပေးလိုက်ပါ။

ပြီးရင်တော့ ဇလုံတစ်လုံးထဲမှာ ရှာလကာရည်ရယ်၊ သကြားရယ်၊ ဆားရယ်ကိုထည့်ပြီး သမသွားသည်အထိ ရောသမမွှေပေးလိုက်ပါ။ ပြီးတော့မှရလာတဲ့အနှစ်ထဲကို သခွားသီးဖတ်တွေနဲ့ နှမ်းစေ့လှော်တွေကို ထည့်ပြီး သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ အသင့်စားသုံးနိုင်တဲ့ ဂျပန်စတိုင် သခွားသီးသုပ်လေးကို ရရှိပါပြီ။

Source: Webmd

Share

Loading Next Article...
က္က