Descendants of the Sun ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း ဂရိမှာရိုက်ခဲ့တာပါ။

မင်္ဂလာပွဲမစခင်ကတည်းက ထည့်သွင်းစဉ်းစားတဲ့အရာတွေထဲမှာ ဟန်းနီးမွန်းခရီးလည်း အပါအဝင်ပဲ။ ကြင်စဦးဇနီးမောင်နှံရဲ့ ပထမဆုံးခရီးလည်းဖြစ်သလို အချစ်တွေထုံလွှမ်းနေမယ့် ပျော်စရာခရီးလေးကို လှပတဲ့နေရာတွေဆီ သွားဖို့ ရွေးကြပါတယ်။ ဒီလိုရွေးချယ်တဲ့နေရာမှာ ပြည်ပနိုင်ငံတွေကို သွားရောက်မယ်ဆိုရင်တော့ ဒီခရီးစဉ်တွေက ပူပူနွေးနွေးဇနီးမောင်နှံအတွက် အလှဆုံးခရီးစဉ်တွေ ဖြစ်နေမှာ အသေအချာပါပဲ။

၁။ ဟာဝိုင်အီ

Hawaii-Most-Beautiful-Honeymoon-Destinations-2017.jpg 

ကမ်းခြေမှာ အပန်းဖြေမယ်ဆို ဟာဝိုင်အီကတော့ အကောင်းဆုံးပေါ့။ ချစ်စရာကောင်းတဲ့ အပူပိုင်းကမ်းခြေဒေသလေးက ခရီးသွားတွေကြားမှာလည်း နာမည်ကြီးပြီးသား။ လရောင်အောက်မှာ ဖယောင်းတိုင်မီးလေးနဲ့ ညစာစားရတာ ရိုမန့်တစ်ဆန်လွန်းနေပါလိမ့်မယ်။ Napali ကမ်းခြေကတော့ သူ့ရဲ့အငူလေးတွေကြောင့် လူကြိုက်များတယ်။ နေဝင်၊ နေထွက်ချိန်ဆိုလည်း အရမ်းလှတာ။ Waikiki ၊  Papohaku ၊ Hulopoe တို့လို နာမည်ကြီးကမ်းခြေတွေရဲ့အလှကိုလည်း ရှုစားလို့ရတယ်။

၂။ ဂရိ

Greece-Most-Beautiful-Honeymoon-Destinations-2016.jpg 

သမိုင်းကြောင်းစဉ်လာနဲ့ ထင်ရှားတဲ့ ဂရိဟာ လှပတဲ့နေရာတွေကို ပိုင်ဆိုင်ထားပြန်ပါသေးတယ်။ မနှစ်က ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ Descendants of the Sun ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း ဂရိမှာရိုက်ခဲ့တာပါ။ ဂရိရဲ့ပင်လယ်ကမ်းခြေက အရမ်းကိုလှပပါတယ်။ Mykonos နဲ့ Santorini ကျွန်းလေးတွေဟာ သီးသန့်ရာသီဥတုတွေရှိနေကြသတဲ့။ ဂရိကိုရောက်ရင် အေသင်က Plaka ကိုလည်း သွားလိုက်ပါဦး။ ကမ်းခြေနီ (Red Beach) နဲ့ Knossos နန်းတော်တို့ဟာလည်း မသွားမဖြစ် သွားသင့်တဲ့နေရာတွေဖြစ်ပါတယ်။

၃။ အီတလီ

Italy-Most-Beautiful-Honeymoon-Destinations-2018.jpg 

အီတလီနိုင်ငံဟာ ဟန်းနီးမွန်းခရီးစဉ်အနေနဲ့ အများဆုံးလာရောက်လည်ပတ်ကြတဲ့နိုင်ငံ ဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်တဲ့ ပတ်ဝန်းကျင်လေးက ကြင်စဦးဇနီးမောင်နှံအတွက် အရာရာကို အချစ်တွေနဲ့ နွေးထွေးသွားစေပါလိမ့်မယ်။ အီတလီအစားအစာတွေကလည်း အရသာရှိသလို အီတလီနိုင်ငံရဲ့ အနုလက်ရာတွေကလည်း ငေးမောချင်စရာပါ။ ဗင်းနစ်၊ ရောမ၊ ဖလောရင့်စ်တို့လို နေရာတွေက အီတလီရဲ့ကိုယ်စားပြုနေရာတွေလို့ ပြောရမယ်။

၄။ မက္ကဆီကို

Mexico-Most-Beautiful-Honeymoon-Destinations-2017.jpg 

ဟန်းနီးမွန်းခရီးစဉ်ကို စိတ်အေးလက်အေး အနားယူအပန်းဖြေချင်ပါတယ်ဆိုတဲ့ စုံတွဲတွေကတော့ မက္ကဆီကိုနိုင်ငံကို ရွေးသင့်တယ်။ ဟန်းနီးမွန်းမဟုတ်ဘဲနဲ့တောင်မှ မက္ကဆီကိုဟာ အလည်သွားသင့်တဲ့နိုင်ငံစာရင်းမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Mayan Riviera ၊ Nueva Vallarta ၊ Huatulco တို့ဟာ မက္ကဆီကိုရဲ့ နာမည်ကျော်နေရာတွေဖြစ်ပါတယ်။

၅။ ပါရီ (ပဲရစ်)

Paris-Most-Beautiful-Honeymoon-Destinations-2018.jpg 

ရိုမန့်တစ်ဆန်တဲ့ အချစ်မြို့တော်ရယ်လို့ ပါရီကို တင်စားခေါ်ဝေါ်ကြတဲ့အခါ ဟန်းနီးမွန်းအဖြစ် သွားရောက်ဖို့ ရွေးချယ်စရာဖြစ်လာတယ်။ ဟန်းနီးမွန်းခရီးစဉ်အဖြစ် လာရောက်ကြဆုံးနေရာတွေထဲမှာ ပါရီမြို့လည်း အပါအဝင်ပါ။ အနုပညာ၊ ဖက်ရှင်အလှအပတွေကို ခံစားနိုင်သလို ပါရီမြို့ရဲ့လက်ရာဒီဇိုင်းတွေကလည်း စိတ်ကိုနူးညံ့သက်ဝင်ခံစားမိစေလိမ့်မယ်နော်။

Source : Would Stop Most


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က