စားလို့အရမ်းကောင်း......

စားစရာလေးတွေ တစ်မယ်ပြီးတစ်မယ် လုပ်စားချင်သူလေးတွေကို အာလူးချိစ်ဘောလုံးလေးတွေ ပြုလုပ်နည်း ပြောဦးမယ်နော်။ သူ့ရဲ့အရသာကလေ ဘယ်လိုပြောရမလဲဆိုတော့ ဆိမ့်ဆိမ့်လေးနဲ့ အရမ်းကောင်းတာ။

 

ဘာတွေလိုမလဲဆိုရင် အာလူး၊ ပြောင်းဖူးစေ့၊ ချိစ်အမာ၊ နံနံစေ့လှော်၊ နံနံပင်၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ငြုပ်ကောင်းမှုန့်၊ oregano မှုန့်၊ ဆားတို့ လိုပါတယ်။ အာလူးကိုပြုတ်ပြီး ချေထားပါ။ နံနံပင်ကိုလည်း ပါးပါးလှီးထားပြီး ပြောင်းဖူးစေ့လေးတွေကိုတော့ အစေ့ခြွေထားရမယ်။ နံနံစေ့ကိုကြိတ်ထားပါ၊ ညက်သွားအောင်ကြိတ်စရာမလိုပါဘူး လေးစိတ်ကွဲရင်ရပြီ။ ချိစ်ကိုတော့ခြစ်ထားရပါမယ်။

အာလူးပြုတ်ထားတာရပြီ၊ ချေထားပြီးပြီဆိုရင် ပြောင်းဖူးစေ့၊ ဆားအနည်းငယ်၊ ခြစ်ထားတဲ့ချိစ်တို့ကိုထည့်ပြီး သမအောင်နယ်ပါ။ နောက်ထပ် နံနံစေ့လှော်ထောင်း၊ ငြုပ်ကောင်းမှုန့်၊ oregano မှုန့်၊ နံနံပင်တို့ကို ထပ်ထည့်ပါ။ တကယ်လို့ အစပ်ကြိုက်ရင် ငရုပ်သီးမှုန့်ထည့်လို့ရသေးတယ်။ အားလုံးကို ရောသမသွားအောင် သေသေချာချာလေး နယ်ပေးရမယ်။ ဒါဆိုရင် ချိစ်ဘောလုံးလေးတွေ လုံးလို့ရပြီ။ နယ်ထားတာလေးတွေကို အလုံးလေးတွေလုံးတဲ့အခါ အထဲမှာ ခြစ်ထားတဲ့ချိစ်ကို အစာသွပ်ထည့်ပြီး လုံးရပါမယ်။

 

အာလူးချိစ်အလုံးလေးတွေရရင်တော့ ကြော်မယ်လေ။ ကော်မှုန့်နဲ့ဂျုံမှုန့်ကိုရောပြီး ရေဖျော်ပါ။ ဖျော်ထားတဲ့ကော်မှုန့်ထဲကို အာလူးချိစ်လုံးလေးတွေနှစ်ပြီးမှကြော်ပေးရပါတယ်။ အပြင်ခွံလေးက အညိုရောင်သမ်းလာရင် ဆယ်လိုက်လို့ရပါပြီ။ မွှေးပျံ့ဆိမ့်သက်တဲ့ အာလူးချိစ်ဘောလုံးလေးတွေ ရပြီလေ။

Source : Hungry for Goodie


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က