မိနစ် ၂၀ အတွင်း အရသာရှိတာလေးကို ဖန်တီးရအောင်

အချက်အပြုတ် ဝါသနာပါသူတွေရော ဝါသနာမပါသူတွေရော စမ်းသပ်ပြုလုပ်နိုင်မယ့် ကညွှတ်ပုစွန် ခဲပတ်ပေါင်းလေးကိုတော့ အရသာတွေ့ကြမယ်ထင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ကညွှတ်ရော ပုစွန်ရောက စားလို့ကောင်းပြီး မြန်မြန်ဆန်ဆန် ကျက်လွယ်တယ်လေ။ ဝိတ်ချချင်တဲ့ sis တို့အနေနဲ့လည်း ဒီနှစ်မျိုးက ဝိတ်မတက်ဘူးဆိုတာလည်း ပြောပြချင်တယ်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်လေး ချက်ပြုတ်နိုင်မယ့်နည်း (၃) မျိုး

 

လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်လေးနဲ့ ခံတွင်းလိုက်မယ့် ညစာလေးကို ခုပဲချက်ကြည့်ရအောင်။ အခွံချွတ်ထားပြီးသား ပုစွန် ပေါင်ဝက်၊ ဝိုင်ဖြူ သို့မဟုတ် ကြက်ပြုတ်ရည် - ထမင်းစားဇွန်း ၁ ဇွန်း၊ ကြိတ်ထားတဲ့ကြက်သွန်ဖြူ - လက်ဖက်စားဇွန်း ၁ ဇွန်း၊ သံပရိုခွံ - လက်ဖက်စားဇွန်း ၂ ဇွန်း ၊ ကညွှတ်တို့ လိုအပ်ပါတယ်။ ကညွှတ်တွေကို ရင့်တဲ့အပိုင်းတွေဖြတ်ထားပြီး ရေဆေးထားပါ။

 

ငြုပ်ကောင်းမှုန့်၊ ဆား၊ ထောပတ်အခဲသေးသေး - ထမင်းစားဇွန်း ၆ ဇွန်း၊ သံပရိုရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ၊ နံနံပင် (ပါးပါးလှီး)တို့လည်း လိုပါမယ်နော်။ ကြက်သားမှုန့်၊ အချိုမှုန့်တို့ကို မသုံးတာကတော့ ပုစွန်ဟာ သဘာဝအချိုဓာတ်ရှိလို့ဖြစ်ပါတယ်။ ထည့်ကင်ဖို့ ခဲပတ် (အလူမီနီယံအလွှာပါး)လည်း လိုသေးတယ်နော်။ အပေါ်မှာပြထားတဲ့ အချိန်အဆတွေက လေးပွဲစာဆိုတော့ အလူမီနီယံအလွှာပြားလည်း ၄ ချပ် လိုပါမယ်။

 

ခဲပတ်ထဲကို ကညွှတ်၊ ပုဇွန်တို့အရင်နေရာချပါ။ အပေါ်ကနေ ဝိုင်ဖြူလေးဆမ်းလိုက်ပါ။ ကြက်သွန်ဖြူ၊ သံပရိုခွံ၊ ဆား၊ ငြုပ်ကောင်းတို့ ဖြူးလိုက်ပါဦး။ ထောပတ်ခဲလေးတွေကိုပုစွန်နဲ့ ကညွှတ်ကြားမှာ ညှပ်ပေးထားလိုက်ပါ။ ဒါဆိုရင် ထုပ်လိုက်လို့ရပြီ။ အရမ်းကြပ်အောင်မထုပ်ရဘူးနော်။ အပူချိန် ၄၀၀ ဒီဂရီနဲ့ ၁၀ မိနစ်လောက် ကင်ပေးရမှာဖြစ်ပါတယ်။ အရသာကောင်းလွန်းလို့ လျှာလည်သွားမယ်။

Source : Cooking Classy

Share

Loading Next Article...
က္က