အခုလိုတုပ်ကွေးရာသီမှာ ကိုယ်ခံအားကိုလည်းကောင်းမွန်စေတဲ့၊ အသည်းနဲ့ ကလီစာတွေကိုလည်း သန့်စင်စေတဲ့၊ အရသာလည်းရှိတဲ့ (တစ်ချက်ခုတ် (၃) ချက်ပြတ်) ဖျော်ရည်လေးတစ်မျိုးကို သောက်လိုက်ရမယ်ဆိုရင် အတိုင်းထက်အလွန်ပဲပေါ့။

အခုလိုတုပ်ကွေးရာသီမှာ ကိုယ်ခံအားကိုလည်းကောင်းမွန်စေတဲ့၊ အသည်းနဲ့ ကလီစာတွေကိုလည်း သန့်စင်စေတဲ့၊ အရသာလည်းရှိတဲ့ (တစ်ချက်ခုတ် (၃) ချက်ပြတ်) ဖျော်ရည်လေးတစ်မျိုးကို သောက်လိုက်ရမယ်ဆိုရင် အတိုင်းထက်အလွန်ပဲပေါ့။ အဲဒီဖျော်ရည်လေးကတော့ ပန်းသီးရှာလကာ သံပရာရည်လေးပဲဖြစ်ပါတယ်။

ပန်းသီးရှာလကာရည် (apple cider vinegar) နဲ့ သံပရာရည်ကို ပေါင်းစပ်ထားခြင်းက ကိုယ်တွင်းကလီစာတွေကို သန့်စင်စေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေတဲ့ ဖျော်ရည်လေးတစ်မျိုးဖြစ်ပါတယ်။ ပန်းသီး ရှာလကာရည်မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်တဲ့အစွမ်းသတ္တိရှိပြီး အသည်းနဲ့ သွေးဖြူဥဆဲလ်တွေကိုလည်း သန့်ရှင်းပေးနိုင်ပါတယ်။

 

သံပရာရည်ကတော့ အားလုံးသိထားကြတဲ့အတိုင်း ဗိုက်တာမင် စီ ကြွယ်ဝတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဗိုက်တာမင် စီဟာ အအေးမိခြင်း၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးအပျော့စားတို့ကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး သံပရာရည်ထဲက စစ်ထရစ် (citric acid) က အသည်းရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေလို့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။

နောက်တစ်ခုကတော့ ဒီဖျော်ရည်လေးဟာ သွေးကိုသန့်ရှင်းစေတဲ့အတွက် အရေပြားပေါ်က ဝက်ခြံတွေ၊ အရေပြား ကူးစက်ရောဂါတွေကိုလည်း ရှင်းလင်းစေပါတယ်။ နောက်ပြီး ပရိုတိန်းအသုံးပြုခြင်းနဲ့ ဇီဝကမ္မ လုပ်ဆောင်မှုတွေကို မြင့်တက်စေတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ ဒါ့အပြင် ဒီဖျော်ရည်ထဲမှာပါဝင်တဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကော့ပါး၊ ဖော့စ်ဖရက်စ်၊ မဂ္ဂနီးစ်၊ ပိုတက်စီယမ်တို့ဟာလည်း ကိုယ်ခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေပါပဲ။

 

အကောင်းဆုံးအပိုင်းကတော့ ကိုယ်ခံအားကောင်းမွန်စေဖို့ ဗိုက်တာမင် စီကို supplement ဝယ်သောက်စရာမလိုတော့တာပါပဲ။ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေတဲ့ ဗိုက်တာမင် စီကို ဒီဖျော်ရည်တစ်ခွက်သောက်ရုံနဲ့ ရရှိနိုင်ပါတယ်။

ဒီဖျော်ရည်သောက်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့... ကိုယ်အလေးချိန်ကျဆင်းစေမယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းစေမယ်။ အသည်းကို သန့်ရှင်းပေးတယ်။ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတယ်။

ပြုလုပ်နည်း

maxresdefault.jpg 

ပါဝင်ပစ္စည်းတွေကတော့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာ၊ သံပရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာ၊ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာနဲ့ ရေတစ်ဖန်ခွက်တို့ ဖြစ်ပါတယ်။

အရင်ဆုံး ပန်းသီးရှာလကာရည် (apple cider vinegar) ရယ်၊ သံပရာရည် လတ်လတ်ဆတ်ဆတ်ရယ်၊ အော်ဂဲနစ်ပျားရည်ရယ်ကို ရေတစ်ခွက်ထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ကောင်းကောင်းသမသွားအောင် ရောမွှေလိုက်ပါ။ မနက်တိုင်း ဒီဖျော်ရည်လေးကို မနက်စာမစားခင် အစာအိမ်ဟောင်းလောင်းဖြစ်နေချိန်မှာ သောက်ပေးပါ။

 

ဒီဖျော်ရည်လေးဟာ သဘာဝ detox water တစ်မျိုးဖြစ်သလို ကလီစာတွေကိုသန့်စင်စေတဲ့ smoothie ဖျော်ရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်၊ သံပရာသီးနဲ့ ပျားရည်တို့ရဲ့ ကောင်းကွက် အားလုံးကို ပေါင်းစပ်ထားတဲ့အတွက် တုပ်ကွေးရာသီမှာ ကိုယ်ခံအားကောင်းချင်သူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ အဲဒီမှာ တစ်ချက်သတိပြုရမှာက ပါဝင်ပစ္စည်းရွေးချယ်ရာမှာ လတ်ဆတ်ပြီး အော်ဂဲနစ် ဖြစ်တဲ့ ပါဝင်ပစ္စည်းတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်နော်။

Source: DIYremedies

Share

Loading Next Article...
က္က