နှစ်ထောင်ပေါင်းများစွာကတည်းက စွန်ပလွံသီးဟာ အရှေ့အလည်ပိုင်းနိုင်ငံတွေရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ခဲ့ပါတယ်။

စွန်ပလွံသီးကို မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲ။ စွန်ပလွံသီးဆိုတာ အရှေ့အလည်ပိုင်းနိုင်ငံတွေနဲ့ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အုန်းထန်းပင်မျိုးနွယ်ဝင် ပန်းပွင့်တတ်တဲ့ အပင်မျိုးစိတ် တစ်မျိုးဖြစ်ပါတယ်။ စွန်ပလွံသီးဟာ သူ့ရဲ့ချိုမြိန်တဲ့ အရသာကြောင့် နာမည်ကြီးပါတယ်။



 

သိပ္ပံနာမည် Phoenix dactylifera လို့အမည်ရတဲ့ ဒီစွန်ပလွံသီးဟာ အီရတ်နိုင်ငံမှာ စတင်ပေါ်ထွန်းခဲ့တယ်လို့ အဆိုရှိပါတယ်။ နှစ်ထောင်ပေါင်းများစွာကတည်းက စွန်ပလွံသီးဟာ အရှေ့အလည်ပိုင်းနိုင်ငံတွေရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ခဲ့ပါတယ်။ မှတ်တမ်းတွေအရဆိုရင် ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ ဒီသစ်သီးကို စွန်ပလွံသီးဝိုင်ဖောက်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်တဲ့။ ယနေ့ခေတ်မှာတော့ စွန်ပလွံသီးကို ကမ္ဘာတလွှားမှာ နှစ်ခြိုက်စွာစားသုံးနေကြပါပြီ။

စွန်ပလွံသီးမှာ ဗိုက်တာမင် ဘီစစ်၊ အေ နဲ့ ကေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒါတွေက အရိုးဖွံ့ဖြိုးမှုနဲ့ စက္ခုအမြင်ကောင်းမွန်ရေး အတွက်လည်း ကူညီပေးနိုင်ပါတယ်။ စွန်ပလွံသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကလည်း ဝမ်းတွင်းကလီစာတွေ ကျန်းမာနေစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူမကြီးကင်ဆာလို ရောဂါမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

စွန်ပလွံသီးမှာပါဝင်တဲ့ အခြားသတ္ထုဓာတ်တွေ ဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ ပရိုတိန်း၊ မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ပရက်၊ ကော့ပါးနဲ့ ဆာလ်ဖာတို့ဟာလည်း ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

စွန်ပလွံသီးဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေနဲ့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေပါတယ်။ စွန်ပလွံသီးမှာပါဝင်တဲ့ ဖိုလိတ် (folate) ဓာတ်ဟာ ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန်ပါတယ်။

စွန်ပလွံသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့...

၁။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်

stomach-ache-stock-today-150730-tease_18b72c4cbc06a1d8776576e1cbf3ac6f.jpg

လေ့လာမှုတွေအရ စွန်ပလွံသီးကနေထုတ်ထားတဲ့ extract ရည်ဟာ ဝမ်းတွင်းကလီစာလုပ်ဆောင်မှုတွေကို အားဖြည့်ကူညီပေးပြီး ဝမ်းချုပ်ရောဂါကို ကုသရာမှာလည်း အထောက်အကူပေးနိုင်ပါတယ်။ စွန်ပလွံသီးရဲ့အသားကလည်း ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ သတ္ထုဓာတ်မူမမှန်ခြင်းကို ပြင်ဆင်ပေးခြင်းဖြင့် ဝမ်းချုပ်ဝေဒနာကို သက်သာစေပါတယ်။ တစ်နေ့ကို အနည်းဆုံး (၂၀) ဂရမ် လောက်စားပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

၂။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

တစ်နေ့ကို စွန်ပလွံသီး (သို့) စွန်ပလွံသီးခြောက် လက်တစ်ဆုပ်လောက်စားပေးမယ်ဆိုရင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ စွန်ပလွံသီးမှာပါဝင်တဲ့ antioxidant တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးသွေးကြောမာရောဂါ တွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

နောက်ပြီး အဲဒီ antioxidant တွေကပဲ နှလုံးသွေးကြောဆဲလ်တွေထဲမှာရှိတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးပါတယ်။ နောက်တစ်ခုကတော့ စွန်ပလွံသီးလို အမျှင်ကြွယ်ဝတဲ့အသီးမျိုးဟာ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလည်း လျော့ကျစေပါတယ်။

၃။ ကိုလက်စထရောတွေကို ထိန်းညှိပေးတယ်

heart-attack1.jpg 

အစ္စရေးသုတေသနတစ်ခုရဲ့အဆိုအရ စွန်ပလွံသီးစားသုံးခြင်းဖြင့် ကိုကလက်စထရောပမာဏနဲ့ oxidative stress လို့ခေါ်တဲ့ အောက်ဆီဂျင်ဓာတ်ပြုခြင်းဖိအားကို လျော့ကျစေတဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ရယူနိုင်တယ်လို့ဆိုပါတယ်။ စွန်ပလွံသီး တွေမှာတော့ ကိုလက်စထရောလုံးဝမပါဝင်ပါဘူး။ သူ့မှာသံဓာတ်ကြွယ်ဝပြီး ငှက်ပျောသီးမှာပါဝင်တဲ့အမျှင်ဓာတ်ထက်ပိုတဲ့ အမျှင်ဓာတ်တွေတောင်ပါဝင်ပါသေးတယ်။

၄။ အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

စွန်ပလွံသီးတွေဟာ ကော့ပါး၊ မဂ္ဂနီစီယမ်၊ ဆီလီနီယမ်နဲ့ မဂ္ဂနိစ် အစရှိတဲ့ သတ္ထုဓာတ်တွေ စုံလင်ကြွယ်ဝပါတယ်။ အဲဒီဓာတ်တွေ အားလုံးဟာ အရိုးတွေကျန်းမာနေစေဖို့နဲ့ အရိုးပွရောဂါလိုမျိုး အရိုးနဲ့ဆိုင်တဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗိုက်တာမင်ကေလို အရိုးတွေရဲ့ဇီဝကမ္မလုပ်ဆောင်မှုတွေကို ကူညီပေးတဲ့ဗိုက်တာမင်မျိုးလည်း စွန်ပလွံသီးမှာ ပါဝင်ပါတယ်။

၅။ သွေးတိုးကျစေတယ်

Hypertension.jpg 

စွန်ပလွံသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဟာ သွေးဖိအားကိုလျော့ကျစေ (သွေးတိုးကျ) စေပါတယ်။ အမှန်တော့ စွန်ပလွံသီးတစ်လုံးမှာ ပိုတက်စီယမ် (၁၆၇) မီလီဂရမ်ခန့်ပါဝင်ပါတယ်။ ဒါဟာ တခြားသစ်သီးဝလံတွေမှာ ပါဝင်တဲ့ပမာဏထက် အများကြီးပိုမြင့်ပါတယ်။ ပိုတက်စီယမ်မလုံလောက်ခြင်းက ဆီးကျောက်တည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၆။ လိင်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတယ်

အိန္ဒိယသုတေသနတစ်ခုရဲ့အဆိုအရတော့ စွန်ပလွံသီးပင်ရဲ့ဝတ်မှုန်ကို ရိုးရာယောကျ်ားအားဆေးတစ်မျိုး ဖော်စပ်ရာမှာ အသုံးပြုနိုင်ပါတယ်တဲ့။ ဒီတော့ စွန်ပလွံသီးစားပေးခြင်းဟာလည်း အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို မြင့်တက်လာစေနိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က