အမေရိကန်တွေဟာ နှစ်စဉ် ဟမ်ဘာဂါအလုံးရေပေါင်း (၅၀) ဘီလီယံလောက်စားသုံးကြတယ်လို့ သိရပါတယ်။

Hamburger (ဟမ်ဘာဂါ) ဆိုတာ အမေရိကန်အစားအစာတစ်မျိုးဖြစ်ပေမယ့် ကျွန်တော်တို့မြန်မာလူမျိုးနဲ့ စိမ်းတဲ့အစားအစာ တစ်ခုတော့ မဟုတ်တော့ပါဘူး။ ပေါင်မုန့်နှစ်ချပ်ကြားမှာ အသားလွှာ၊ ချိစ်၊ ဆလပ်ရွက်၊ မရိုးနိစ် စတာတွေကိုညှပ်ထားတဲ့ ဟမ်ဘာဂါဟာ အမြန်ရအစားအစာ (fast food) စာရင်းဝင်အစားအစာတစ်မျိုးဖြစ်ပြီး လူအများနှစ်ခြိုက်စွာစားသုံးကြပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် အမေရိကန်တွေဟာ နှစ်စဉ် ဟမ်ဘာဂါအလုံးရေပေါင်း (၅၀) ဘီလီယံလောက်စားသုံးကြတယ်လို့ သိရပါတယ်။

 

၂၀၀၇ ခုနှစ်တုံးက (၈) မိနစ်အတွင်း ဟမ်ဘာဂါအလုံးရေ (၁၀၈) လုံးစားနိုင်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ ချန်ပီယံတစ်ဦးရှိပါတယ်။ သူကတော့ Joey Chestnut ပါပဲ။ ဒါပေမယ့် သူတောင်မှ Mallie's Sports Bar & Grill ဆိုင်က ဒီ menu လေးကိုမြင်ရင် တွန့်ဆုတ်သွားမိမှာပါပဲ။

ကမ္ဘာ့အကြီးမားဆုံး ဧရာမဟမ်ဘာဂါကြီး

img_0134.jpg 

အမေရိကန်နိုင်ငံ ဒက်တရွိုက် (Detroit) မြို့က စားသောက်ဆိုင်ဟာ အလေးချိန်စုစုပေါင်း (၁၇၇၄) ပေါင်ရှိတဲ့ ဟမ်ဘာဂါဘီလူးကြီးကို ချက်ပြုတ်ဖန်တီးခဲ့ပါတယ်။ ဒီဟမ်ဘာဂါဟာ ဘယ်လောက်တောင်ကြီးလဲ ဆိုတော့ ကမ္ဘာ့အကြီးဆုံး ဝယ်ယူစားသုံးနိုင်တဲ့ ဟမ်ဘာဂါအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီ ဟမ်ဘာဂါကို အမဲသား ပေါင် (၂၀၀၀) နဲ့စတင်ပြုလုပ်ထားပါတယ်။ နောက်ပြီး အလေးချိန် (၁၇၇၄) ပေါင်ထိကျသွားအောင် ကြော်လိုက်ပြီး ကြက်သွန်နီ၊ ဆားရည်စိမ်ဟင်းသီးဟင်းရွက်၊ ဆလပ်ရွက်၊ ချိစ် (ဒိန်ခဲ) ပေါင် (၃၀၀) ရယ်နဲ့ရောထားပါတယ်။ ပြီးမှ ပေါင် (၂၅၀) အလေးချိန်ရှိတဲ့ ပေါင်မုန့် (၂) ချပ်ကြားမှာ ညှပ်ထားပါတယ်။

အထူးစီမံပြုလုပ်ထားတဲ့ မီးဖို

02-The-Biggest-Burger-in-the-World-Is-1774-Pounds-and-Ready-for-You-to-Order-at-This-Restaurant-Mallies-Sports-Grill-and-Bar-1024x597.jpg 

စားသောက်ဆိုင်ပိုင်ရှင် Steve Mallie ဟာ ဒီဘာဂါကိုချက်ပြုတ်ဖို့အတွက် လုံလောက်တဲ့အပူပေးနိုင်တဲ့ မီးဖိုတစ်လုံးကို အထူးစီမံပြုလုပ်ခိုင်းခဲ့ရပါတယ်။ ဘယ်လိုအထူးစီမံပြုလုပ်လိုက်ရလဲဆိုတော့ ကွန်တိန်နာတစ်လုံးကို မီးဖိုအဖြစ် အသွင်ပြောင်းခဲ့ရပါတယ်။

ဒီဟမ်ဘာဂါပြုလုပ်ခြင်းဟာ Mallie အတွက်တော့ ကြီးမားတဲ့အစားအသောက်တွေကို ဖန်တီးပြုလုပ်နိုင်ခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်တုံးကလည်း သူဟာ ကမ္ဘာ့အကြီးဆုံး ဟမ်ဘာဂါ မှတ်တမ်းစံချိန်ကို တစ်ကြိမ်တင်ခဲ့ပြီးသားပါ။ နောက်ပြီး ၂၀၀၉ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၀ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၁ ခုနှစ်မှာတစ်ကြိမ် စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့်  အဲဒီဘာဂါလေးတွေဟာ အလေးချိန် (၁၃၄) ပေါင်၊ (၁၆၄) ပေါင်၊ (၁၈၅) ပေါင်နဲ့ (၃၁၉) ပေါင်မျှသာ အသီးသီးရှိခဲ့ပြီး ဒီဟမ်ဘာဂါနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ တော်တော်သေးငယ်နေပါတယ်။

ဒီဟမ်ဘာဂါကိုမှ ဝယ်စားချင်တယ်ဆိုသူတွေကတော့ ဒီလိုဧရာမဟမ်ဘာဂါကြီးကိုဝယ်ဖို့ စားသောက်ဆိုင်ကို (၃) ရက်လောက် ကြိုမှာရမှာဖြစ်ပြီး ကျသင့်ငွေ ဒေါ်လာ (၇၇၉၉) ကျသင့်မှာဖြစ်ပါတယ်။ အိမ်ကိုသယ်ယူဖို့အတွက်လည်း ဝန်ချီကားတစ်စီး လောက်တော့လိုအပ်ပါလိမ့်မယ်။

Source: Reader's Digest

Share

Loading Next Article...
က္က