ခရီးသွားရတာပျော်ဖို့ကောင်းပါတယ်။

ခရီးသွားရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဝေးလံခေါင်သီတဲ့ နိုင်ငံရပ်ခြားကနိုင်ငံတွေကိုသွားတဲ့အခါ ခံရအခက်ဆုံးအရာတစ်ခုကတော့ လေယာဉ်ချိန်အကြာကြီး စီးရတာပါပဲ။ လေယာဉ်လက်မှတ်ဈေးတွေတက်လာတာရယ်၊ လေယာဉ်ထိုင်ခုံတွေက ကျဉ်းလာတာရယ်နဲ့ နာရီနဲ့ချီပြီး လေယာဉ်စီးရတာဟာ ပျော်စရာကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။

 

လေယာဉ်မယ်လေးတွေကို ငမ်းရတာတွေ၊ သူတို့လာကျွေးတဲ့အစားအသောက်တွေကိုစားရတာတွေကတောင် လေယာဉ်နဲ့ခရီးသွားလို့ ခရီးပန်းခြင်းကို ကာမိမှာမဟုတ်ပါဘူး။ လေယာဉ်ပျံကြီးစီးပြီး ခရီးသွားတော့မယ်ဆိုရင် ဆောင်ထားသင့်တဲ့ ပစ္စည်း (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်စိကာ (eye mask)

Sleeping-Masks-2-Straps-Natural-Silk-Snoring-Super-Smooth-Sleep-Eye-Mask-Stay-On-Your-Face.jpg 

အချိန်အကြာကြီးလေယာဉ်စီးရပြီဆိုရင် အလင်းရောင်ကြောင့် အိပ်မပျော်မဖြစ်ရလေအောင် မျက်စိကာ (eye mask) လေး ဆောင်သွားသင့်ပါတယ်။ မျက်စိကာလေးတွေဟာ အလင်းရောင်ကို မျက်စိထဲ မဝင်အောင်တားဆီးပေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေပါတယ်။ အချိန်အကြာကြီးလေယာဉ်ပျံစီးရမယ့်လူတွေအတွက်တော့ ဒါလေးတွေဟာ အလိုအပ်ဆုံးပါ။

၂။ လည်စည်းပဝါ

သက်တောင့်သက်သာရှိပြီး စတိုင်လ်လည်းကျတဲ့သွင်ပြင်ကို ပေးစွမ်းနိုင်တာကတော့ လည်စည်းပဝါတစ်ထည်ပါပဲ။ အမျိုးသမီးသုံး၊ အမျိုးသားသုံးဆိုပြီး ခွဲထားပြီး ကုတ်အင်္ကျ ီနဲ့ဆိုရင် အထူးလိုက်ဖက်ပါတယ်။ ဒါ့အပြင် လေယာဉ်ပေါ်မှာအရမ်းချမ်းလာတယ်ခံစားရရင် စောင်တစ်ထည်လိုလည်း ဖြန့်ခင်းပြီး သုံးနိုင်ပါသေးတယ်။

၃။ ရေ

8-Important-Signs-That-We-Don’t-Drink-Enough-Water.jpg 

ရေဓာတ်ပြည့်ဝနေဖို့ဆိုတာ လေဖိအားများတဲ့အရပ်မှာပျံသန်းနေတဲ့ လေယာဉ်တစ်စီးထဲမှာလိုက်ပါရမယ့်လူတွေအတွက်တော့ အလွန်အရေးကြီးပါတယ်။ လေယာဉ်ပေါ်မှာရေတိုက်တယ်ဆိုပေမယ့် လေယာဉ်ပေါ်ကရေဟာ မိမိကျန်းမာရေးနဲ့ကိုက်ညီမှုရှိမရှိ မသိနိုင်ပါဘူး။ အကောင်းဆုံးကတော့ မိမိနှစ်သက်ရာရေသန့်ဘူးတစ်ဘူးကို ဝယ်ထည့်လာတာပါပဲ။

၄။ လက်သန့်ဆေးရည် (Hand Sanitizer)

လေယာဉ်ထိုင်ခုံတွေ၊ ရှေ့က မုန့်ပန်းကန်တွေ၊ အအေးခွက်တွေတင်လို့ရတဲ့ လင်ပန်းတွေမှာ လူပေါင်းများစွာနဲ့ထိတွေ့ထားလို့ ကျန်ရစ်တဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားငယ်လေးတွေ များစွာပါဝင်ပါတယ်။ မိမိမှာသာ လက်သန့်ဆေးရည် (hand sanitizer) လေးတစ်ဘူးပါဝင်မယ်ဆိုရင် မိမိလက်ကိုကော၊ အဲဒီနေရာတွေကိုပါ ဆေးကြောနိုင်လို့ ပိုးမွှားကူးစက်ခံရနိုင်ခြေ မရှိတော့ဘူးပေါ့။

၅။ နားကြပ် (သို့) headphone

rice-headphones-on-a-girl.jpg 

သီချင်းနားထောင်ဖို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ်၊ အိပ်စက်နေချိန်မှာဘေးကအသံတွေ မဝင်ရောက်နိုင်စေဖို့ပဲဖြစ်ဖြစ် noise-cancelling ဖန်ရှင်ပါတဲ့ နားကြပ် (သို့) headphone တစ်လုံးတော့ လိုအပ်ပါလိမ့်မယ်။

၆။ မုန့်ပဲသရေစာ

လေယာဉ်ပေါ်မှာကျွေးတဲ့ မုန့်ပဲသရေစာတွေက ဆိုဒီယမ်များပါတယ်။ မိမိမှာ ခဏခဏဗိုက်ဆာတတ်တဲ့အကျင့်လည်းရှိ၊ လေယာဉ်ပေါ်က မုန့်တွေကြောင့် ဗိုက်အောင့်မှာလဲကြောက်ရင် ဘီစကစ်တို့၊ မုန့်ခြောက်တို့လို သရေစာမုန့်လေးနည်းနည်း ထည့်လာတာလည်း မမှားပါဘူး။

၇။ လဲစရာအဝတ်အစားအပို

လေယာဉ်ချိန်အကြာကြီးစီးရမယ်ဆိုရင် မိမိအတွက်သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားအပို တစ်စုံလောက်တော့ ကျောပိုးအိတ် (hand carry bag) ထဲမှာ ထည့်လာသင့်ပါတယ်။ လေယာဉ်ပေါ်က ဆင်းခါနီးမှာပဲဖြစ်ဖြစ်၊ လေယာဉ်စီးနေချိန်မှာပဲဖြစ်ဖြစ် လဲထားလို့ရတယ်လေ။ နောက်ပြီး အေးနေချိန်မှာဝတ်ဖို့ ခြေအိတ်ထူထူလည်း ယူလာခဲ့ပါဦး။ အဝတ်ပိုထည့်လာခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူး တွေကတော့ လေယာဉ်ဝမ်းဗိုက်ထဲထည့်ထားတဲ့ ခရီးဆောင်အိတ်က ကြန့်ကြာနေရင်၊ လွယ်လွယ်ရှာမတွေ့ရင် ယာယီလဲလှယ်ထားစရာ အဝတ်အစားရှိတာပေါ့။

၈။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ

AM28416-C-4-1.jpg 

တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ သွားပွတ်တံတို့၊ ခေါင်းဖြီးတို့ကိုလည်း ဆောင်ထားသင့်ပါတယ်။ ဒါမှသာ လေယာဉ်ပေါ်ကဆင်းခါနီးရင် သွားတိုက်၊ မျက်နှာသစ်လို့ရပြီး လေယာဉ်ပေါ်က ကျော့ကျော့လေး ဆင်းလို့ရတာပေါ့။

၉။ မျက်စဉ်းဆေးဘူး

လေယာဉ်စီးခြင်းဟာ မျက်စိနာစေနိုင်လို့ မျက်စဉ်းဆေးဘူးလေးဆောင်ထားတာလည်း မမှားပါဘူး။ မျက်စိနာလာတဲ့အခါ မျက်စဉ်းခတ်လိုက်လို့ရတာပေါ့။

၁၀။ စာအုပ်ကောင်းတစ်အုပ်

reading-books_0.jpg 

လေယာဉ်ပေါ်မှာ ဘာဖျော်ဖြေရေးပဲပါပါ။ မိမိအတွက်ကိုက်ညီချင်မှ ကိုက်ညီမှာလေ။ လေယာဉ်စီးရမယ့် အချိန်အကြာကြီးကို ဒီတိုင်းကြီးထိုင်ပြီး ဖြတ်ကျော်မယ့်အစား မိမိနှစ်သက်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖတ်ပြီး ဖြတ်ကျော်တာအကောင်းဆုံးပဲလေ။

Source: brownelltravel

Share

Loading Next Article...
က္က