ချိစ်နဲ့ဝိုင်နဲ့ တွဲစားရင် ဝိုင်အရသာပိုကောင်းတယ်။

ချက်ပြုတ်တဲ့အခါ ထည့်သုံးတယ်၊ ဒီအတိုင်းစားတယ်။ အစားအစာတွေမှာ ရောနှောသုံးတယ်။ ချိစ်ကတော့ ကိုယ့်အကြိုက်ပဲဆိုသူတွေအတွက် ချိစ်နဲ့ ပတ်သက်တဲ့ သိကောင်းစရာလေးတွေ မျှဝေလိုက်ပါတယ်။

 

၁။ ချိစ်ကို မဝယ်ခင် မြည်းပြီးမှဝယ်တာ အကောင်းဆုံးပဲ။ အရောင်းမြှင့်တင်ရေးလုပ်နေတဲ့ ချိစ်တွေကို ဝင်မြည်းကြည့်တာ မမှားဘူးနော်။

၂။ ချိစ်အပျော့တွေက လတ်ဆတ်ပြီး အရသာပျော့ပါတယ်။ ချိစ်အမာတွေကတော့ အငံများတယ်၊ အနံ့အရသာလည်း စူးရှတယ်။

၃။ ကိုယ့်အကြိုက် ချိစ်က ဘယ်လိုမျိုးလဲဆိုတာ သိထားရင် ဝယ်တဲ့အခါ နွားနို့နဲ့လုပ်တဲ့ချိစ်လား၊ သိုးနို့ ဒါမှမဟုတ် ဆိတ်နို့နဲ့လုပ်တဲ့ချိစ်လားဆိုတာ ကြည့်ပြီး ရွေးနိုင်တယ်။

 

၄။ ချိစ်ကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းမယ်ဆို ရေခဲသေတ္တာ တံခါးဘက်ခြမ်းမှာ မသိမ်းရဘူး။ အပူချိန်အပြောင်းအလဲကြောင့် မြန်မြန်ပျက်စီးလွယ်သွားတယ်။

၄။ ချိစ်အခဲရဲ့ ထောင့်တွေမှာ အစိမ်းရောင်၊ အပြာရောင် ပေါ်လာတယ်ဆိုလည်း ဖယ်ထုတ်ပြီး ဆက်စားလို့ရသေးတယ်။ တစ်လက်မရဲ့ လေးပုံတစ်ပုံ၊ ဒါမှမဟုတ် လက်မဝက်လောက် လှီးထုတ်ပြီး ကျန်တဲ့အပိုင်းကို စားလို့ရတယ်။

 

၅။ Parmesan ချိစ် အမျိုးအစားတွေကိုလည်း ဝယ်ထားပါဦး။ ချက်ပြုတ်တဲ့အခါမှာရော ဟင်းသီးဟင်းရွက်သုပ်တွေမှာပါ ဖြည့်စွက်စားရင် အရမ်းကောင်းပါတယ်။

Source : Cooking

Share

Loading Next Article...
က္က