ကြက်ဥအစရှာမရဆိုတဲ့စကားလည်းရှိပါတယ်။ ကြက်ဥနဲ့ကြက်မ ဘယ်ကစလဲ မကွဲပြားဘူးဆိုတဲ့ paradox ကိုပြောထားတာပါ။ ဒါပေမယ့် ကွဲပြားတဲ့ကြက်ဥအရောင်တွေမှာကော ကွဲပြားတဲ့အရသာရှိပါသလား။ ဆက်နွယ်မှုကကော ဘာလဲ။

အိမ်နောက်ဖေးမီးဖိုချောင်ကို စီမံခန့်ခွဲရတဲ့ အိမ်ရှင်မတွေအနေနဲ့ မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဗဟုသုတ ကြွယ်ဝကြပါတယ်။ ဥပမာ.... ငရုပ်သီးတွေကို အရောင်ကြည့်ပြီး ခွဲခြားလို့ရပါတယ်။

 

အနီရောင်ငရုပ်သီးဆိုရင် ဘယ်အရသာ၊ အစိမ်းရောင်ငရုပ်သီးဆိုရင် ဘယ်အရသာ၊ လိမ္မော်ရောင်ငရုုပ်သီးဆိုရင် ဘယ်အရသာအစရှိသဖြင့် အမျိုးအစားခွဲခြားနိုင်ပါတယ်။ ဒါပေမယ့် ကြက်ဥတွေမှာကော အရောင်ကိုကြည့်ပြီး အမျိုးအစားခွဲခြားနိုင်ပါသလား။ အမျိုးအစားခွဲခြားဖို့ကော လိုပါသလား။

ကြက်ဥအမျိုးအစား ဘယ်နှမျိုးရှိ

What-Exactly-Is-the-Difference-Between-Brown-and-White-Eggs_481171300_N_T-760x506.jpg 

စူပါမားကက်တစ်ခုမှာပဲဖြစ်ဖြစ်၊ ဈေးတန်းတစ်ခုမှာပဲဖြစ်ဖြစ် အဓိကတွေ့ရမယ့် ကြက်ဥအရောင် (၂) မျိုးကတော့ အဖြူရောင်နဲ့ အညိုရောင်ပါပဲ။ ဒါပေမယ့် ကြက်ဥ အဖြူရောင်နဲ့ အညိုရောင်ဆိုပြီး ကွဲပြားနေရခြင်းရဲ့ နောက်ကွယ်ကရည်ရွယ်ချက်က ဘာလဲ။ ဘာကြောင့် အဲဒီလိုမျိုးအရောင်တွေကွဲပြားနေရတာလဲ။ အထဲမှာပါတဲ့ကြက်ဥအရသာကတော့ တူတူပါပဲ။ နောက်ပြီး ကြက်ဥမွှေကြော်လုပ်မယ် ဆိုရင်လည်း တူညီတဲ့အရသာပဲထွက်လာမှာပါပဲ။ ဒါဆိုရင် ဘာလို့ အခွံအရောင်တွေ ကွဲပြားနေရတာလဲ။

မျိုးရိုးဗီဇကြောင့်

fea2-chicken-and-egg1.jpg 

New York Times သတင်းစာကတော့ ကြက်ဥတွေကိုဥတဲ့ ကြက်မတွေရဲ့ နားသန်သီးနဲ့ အမွှေးအတောင်အရောင်ကွဲပြားမှု တွေကြောင့် ကြက်ဥတွေ အရောင်ကွဲပြားရတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ "မျိုးရိုးဗီဇ တွေကလည်း ကြက်ဥအခွံရဲ့အရောင်ကို အဆုံးအဖြတ်ပေးပါတယ်" လို့ Dr. Bui ကဆိုပါတယ်။

အမွှေးအတောင်အဖြူရောင်၊ နားသန်သီးအဖြူရောင်နဲ့ ကြက်မတွေဟာ အဖြူရောင်ကြက်ဥတွေကိုဥပြီး အမွှေးအတောင် အနီရောင်/အညိုရောင်၊ အနီရောင်နားသန်သီးနဲ့ ကြက်မတွေကတော့ အညိုရောင်ကြက်ဥတွေကို ဥပါသတဲ့။ Ameraucana မျိုးစိတ်လို့ခေါ်တဲ့ အီစတာကြက်ဥ ဥတဲ့ကြက်မတွေကတော့ အပြာရောင် အခွံနဲ့ ကြက်ဥတွေကို ဥပါတယ်တဲ့။

 

ဒါဆိုရင်တော့ရှင်းသွားပါပြီ။ ကြက်ဥနဲ့ ကြက်မ ဘယ်ကစ ဆိုတဲ့စကားအတိုင်းပဲ။ ကြက်ဥရဲ့အရောင်ကွဲပြားမှုနဲ့ ကြက်ဥကိုဥတဲ့ ကြက်မရဲ့မျိုးရိုးဗီဇတွေဟာ ဆက်နွယ်နေပါတယ်။ မျိုးရိုးဗီဇကွာခြားလို့ အရသာလည်း ကွာခြားမှာတော့မဟုတ်ပါဘူး။  ဒါပေမယ့် အဓိကကွာခြားမှုက အရောင်တစ်ခုုတည်းဆိုရင် ဘာလို့ စူပါမားကက်တွေမှာ အဖြူရောင်ကြက်ဥတွေက အညိုရောင်ကြက်ဥ တွေထက် ပိုများနေရတာလဲ။

အဖြေကတော့ ကုန်ကျစရိတ်ကြောင့်ပါပဲတဲ့။ အညိုရောင်ကြက်ဥ ဥတဲ့ ကြက်မတွေက အကောင်လည်းပိုကြီးပြီး မွေးမြူစရိတ်လည်း ပိုမိုကုန်ကျပါတယ်တဲ့။ ဒါကြောင့် ကုန်ကျစရိတ်အားဖြင့် ပိုသက်သာပြီး ပိုကိုက်တဲ့ အဖြူရောင်ကြက်ဥတွေ ရောင်းအားကောင်းနေရတာပါ။

ကဲ.... ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်တွေမှာ အဓိကနေရာတစ်ခုကပါဝင်နေတဲ့ ကြက်ဥအဖြူနဲ့ အညိုကြားက ကွဲပြားမှုအကြောင်းကို ရှင်းသွားလောက်ပါပြီ။

Source: Reader's Digest

Share

Loading Next Article...
က္က