ခင်ဗျားရဲ့ရွေးချယ်မှုတိုင်းက ခင်ဗျားရဲ့ ပုဂ္ဂလအရည်အသွေးကို ထင်ဟပ်နေပါတယ်။

တကယ်လို့ တစ်စုံတယောက်ကသာ ခင်ဗျားရဲ့အနှစ်သက်ဆုံးရေခဲမုန့်အရသာက ခင်ဗျားအကြောင်းကိုပြောပြနေလို့ လာပြောရင် ဟာသလို့ ထင်မိမှာလား။ တကယ်တော့ ဒါဟာ ဟာသတစ်ခု မဟုတ်ပါဘူး။ ခင်ဗျားရဲ့ရွေးချယ်မှုတိုင်းက ခင်ဗျားရဲ့ ပုဂ္ဂလအရည်အသွေးကို ထင်ဟပ်နေပါတယ်။ အဲဒီရွေးချယ်မှုတွေထဲမှာ ရေခဲမုန့်ဆိုင်မှာ ဘယ်အရသာကိုရွေးချယ်လဲ ဆိုတာလည်း တစ်ခုအပါအဝင်ပေါ့။

 

၁။ ဗနီလာရေခဲမုန့်

vanilla-bean-ice-cream-12608-1.jpg 

ဗနီလာရေခဲမုန့်ကို နှစ်သက်သူတွေကတော့ ယေဘုယျအားဖြင့် ရိုးရှင်းပြီး တည်ငြိမ်ပါတယ်။ အဲဒီလိုလူမျိုးက တကယ်ရှားပါတယ်။ ခင်ဗျားဟာ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့လူတစ်ဦးဖြစ်ပါတယ်။ လူတချို့ကတော့ ခင်ဗျားကို မာနကြီးတယ်လို့ ယူဆကြပေမယ့် တကယ်တမ်းကတော့ အတွင်းစိတ်က သိမ်မွေ့ဖော်ရွေပါတယ်။

၂။ ချောကလက်ရေခဲမုန့်

chocolate-ice-cream-day1-e1433063868901.jpg 

ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တာ၊ အတ္တကြီးတတ်တာက ထင်သလောက်လည်း မဆိုးပါဘူး။ ချောကလက်ရေခဲမုန့်နှစ်သက်သူတွေကတော့ အတ္တနည်းနည်းကြီးပါတယ်။ ဒါပေမယ့် ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါတယ်။ စိတ်ဓာတ်ခိုင်မာသလို တချို့အခြေအနေတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့အမြင်တွေလည်းရှိပါတယ်။ တောင်တန်းတွေဆီကို ခရီးသွားရတာကို သဘောကျပြီး လေပြည်လေညှင်းလေးတွေကိုလည်း ချစ်ခင်နှစ်သက်ပါတယ်။ ခင်ဗျားဟာ သူများနဲ့မတူ၊ တမူထူးခြားနေပါလိမ့်မယ်။

၃။ စတော်ဘယ်ရီရေခဲမုန့်

chunky-strawberry-ice-cream.jpg 

ချစ်စရာကောင်းခြင်းက ခင်ဗျားရဲ့အထူးအရည်အသွေးဖြစ်နေပါလိမ့်မယ်။ ချစ်စရာကောင်းတယ်။ ပျော့ပြောင်းနူးညံ့တယ်ဆိုတာတွေက ခင်ဗျားရဲ့အထူးအရည်အချင်းတွေပါပဲ။ တစ်ခုခုကို ဘယ်တော့မှ ဒေါသနဲ့ မဖြေရှင်းတတ်သလို အမုန်းတရားတွေလည်း မထားတတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုလားသူတစ်ဦးဖြစ်တဲ့အတွက် သူငယ်ချင်းအုပ်စုကြားထဲမှာလည်း ဖျန်ဖြေရေးသမားတစ်ဦးအဖြစ် ထင်ရှားပါတယ်။

၄။ ကော်ဖီရေခဲမုန့်

ice-cream32.jpg 

ကော်ဖီရေခဲမုန့်ကို နှစ်သက်သူတွေက ကော်ဖီချစ်သူတွေလိုပါပဲ။ ဆိတ်ငြိမ်တဲ့တစ်နေရာမှာ စာအုပ်ထိုင်ဖတ်နေရတာကို နှစ်သက်တတ်ကြသူတွေပါ။ အပြင်လောကကြီးနဲ့ ထိပ်တိုက်တိုးမယ့်အစား စာအုပ်ထဲမှာမွေ့လျော်တတ်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ခေါင်းမာတတ်ကြပါတယ်။ နောက်တစ်ခုက ဂန္တဝင်ပစ္စည်းတွေကိုလည်း မြတ်နိုုးကြပါတယ်။ ဒီလိုလူမျိုးဟာ တီထွင်ဖန်တီးမှုနဲ့ ဆိုင်တဲ့ အနုပညာအလုပ်တွေမှာ အောင်မြင်တတ်ကြပါတယ်။ ခင်ဗျားဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလုပ်ကြိုးစားတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က