ပန်းသီးဟာ သဘာဝကပေးတဲ့ လက်ဆောင်တစ်မျိုးဖြစ်ပါတယ်။

ကျွန်တော်တို့တွေ ငယ်ငယ်က အင်္ဂလိပ်စာသင်တော့ apple=ပန်းသီးဆိုပြီး စသင်ခဲ့ရတာပါ။ ပန်းသီးဟာ သဘာဝကပေးတဲ့ လက်ဆောင်တစ်မျိုးဖြစ်ပြီး စားရတာလည်းအရသာရှိ၊ ကျန်းမာရေးအတွက် အာနိသင်တွေလည်း အများကြီးပေးပါတယ်။

 

အဲဒီလိုသစ်သီးနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ သိထားတာတွေလည်း အများကြီးရှိမှာပါ။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ ပန်းသီးနဲ့ဆိုင်တဲ့ အချက်တွေကိုကော သိပါသလား။

၁။ ပန်းသီးတွေ ဘာလို့ရေမှာပေါ်လဲ

floating-apples-136239488.jpg 

သတိထားမိလားတော့မသိဘူး။ ပန်းသီးတွေကို ရေထဲပစ်ချလိုုက်ရင် အောက်ခြေထိမြုပ်မသွားဘဲ တစ်ဝက်မြုပ် တစ်ဝက်ပေါ်နဲ့ ပေါလောပေါ်နေပါတယ်။ ဒါဟာဘာကြောင့်များပါလဲ။ ပန်းသီးတွေရဲ့ ထုထည် (၂၅) ရာခိုင်နှုန်းကို လေတွေနဲ့ဖွဲ့စည်းထားပါတယ်။ လေဟာ ရေထက်သိပ်သည်းဆနည်းတဲ့အတွက် ရေမှာပေါ်နေရတာာပါ။

၂။ ပန်းသီးပိုုင်မုန့်ကို ဘယ်သူတီထွင်ခဲ့တာလဲ

Bake-an-Apple-Pie-from-Scratch-Intro.jpg 

ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ပိုင်မုန့်ဟာ အမေရိကန်နိုင်ငံမှာတော့ နာမည်ကြီးအစားအစာတစ်မျိုးပါပဲ။ ဒါပေမယ့် အဲဒီအစားအစာ စတင်ပေါ်ပေါက်ရာက ဥရောပတိုက်ပါ။ ပထမဦးဆုံး ပန်းသီးပိုင်မုန့်လုပ်နည်းကတော့ ၁၃၀၀ ပြည့်နှစ်တွေမှာ အင်္ဂလန်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ စတင်ပေါ်ပေါက်စဉ်တုံးက ပိုင်မုန့်ရဲ့ဘေးအနားသားကို အလှသဘောပဲထည့်ထားတာဖြစ်ပြီး စားဖို့အတွက် မဟုတ်ပါဘူး။ ဒဒါပေမယ့် အခုအချိန်တော့ အများက နှစ်သက်စွာစားသုံးနေကြပါပြီ။

၃။ ဒဏ္ဍာရီထဲက ပန်းသီးတွေ

ဒဏ္ဍာရီထဲမှာလည်း ပန်းသီးဟာအရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။ ဥပမာပေးရရင် လူသားမျိုးနွယ်ဟာ အာဒံနဲ့ ဧဝက စတင်ပေါ်ပေါက်လာတယ်လို့ ယုံကြည်လက်ခံထားတယ်ဆိုရင် ဧဒင်ဥယျာဉ်ထဲက ပန်းသီးဟာ ကမ္ဘာပေါ်မှာပေါ်ပေါက်ခဲ့သမျှ သစ်သီးဝလံတွေထဲမှာ အစောဆုံးလို့ဆိုရမှာပါပဲ။

ဒါတင်မကသေးပါဘူး။ ဂရိဒဏ္ဍာရီထဲမှာဆိုရင် သူရဲကောင်းဟာကျူးလီ (Hercules) က ရွှေပန်းသီးတစ်လုံးကိုရဖို့ နဂါးကြီးနဲ့ သတ်ရတာတိုု့၊ Eris ဆိုတဲ့ နတ်ဘုရားမက ထရိုဂျင်စစ်ပွဲကြီးဖြစ်အောင် ရွှေပန်းသီးတစ်လုံးကို မြေပေါ်ပစ်ချလိုက်တာတို့ စသဖြင့်ရှိပါတယ်။ နောက်ပြီး နော့စ် ဒဏ္ဍာရီမှာဆိုရင် ပန်းသီးကို ထာဝရနုပျိုခြင်းရဲ့သင်္ကေတတစ်ခုလို့ မှတ်ယူကြပါတယ်။

၄။ ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးပေါင်း ဘယ်နမျိုးရှိလဲ

85_apple_01.jpg 

အဲလောက်များလိမ့်မယ်တောင် ခင်ဗျားထင်ထားမှာမဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးပေါင်း (၇၅၀၀) ကျော်ရှိပါတယ်တဲ့။ တကယ်လို့ ခင်ဗျားသာ ပန်းသီးခရေဇီတစ်ယောက် ဖြစ်ပြီး အကုန်လုံးကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင် အနည်းဆုံး အချိန် အနှစ် (၂၀) လောက်ပေးရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

၅။ ပန်းသီးတစ်လုံးရလာဖို့ ကြာချိန်

Red_Apple.jpg 

သဘာဝအတိုင်းဆိုရင် ပန်းသီးအစေ့တစ်စေ့ကနေ ပန်းသီးတစ်လုံးဖြစ်လာဖို့အတွက် အချိန် (၁၀) နှစ်လောက်ပေးရပါတယ်။ ဒါဟာ ခွေးတစ်ကောင် (သို့) ကြောင်တစ်ကောင်ရဲ့ သက်တမ်းတော့ရှိပါတယ်။ ပန်းသီးစိုက်မယ်ဆိုရင်တော့ စိတ်ရှည်ဖို့တော့လိုပါတယ်။

Source: foodndtv

Share

Loading Next Article...
က္က