အာလူးကြော်ထုပ်သံ တဂျွတ်ဂျွတ်နဲ့ အာလူးကြော်ဝါးသံက လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

အာလူးကြော်ကို လူတိုင်းနှစ်သက်ကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရုံထဲမှာ ကိုယ့်ဘေးနားကလူ ဝယ်မလာစေချင်ဆုံး အစားအစာကလည်း အာလူးကြော်ပဲ ဖြစ်ပါလိမ့်မယ်။ အာလူးကြော်ထုပ်သံ တဂျွတ်ဂျွတ်နဲ့ အာလူးကြော်ဝါးသံက လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

 

အာလူးကြော်ထုပ်တွေ ဘာလို့အသံကျယ်

o-POTATO-CHIPS-facebook.jpg 

ဒါပေမယ့် Oxford တက္ကသိုလ်က ပါမောက္ခတစ်ယောက်က အာလူးကြော်ထုပ်တွေ ဘာကြောင့်အသံအရမ်းထွက်ရလဲဆိုတာနဲ့ အာလူးကြော်တွေကိုယ်နှိုက်ကလည်း ဝါးလိုက်ရင် တဂျွတ်ဂျွတ်မြည်သံ ဘာလို့ အသံကျယ်ရတာလဲဆိုတာကို ရှင်းပြထားပါတယ်။

သုတေသနစိတ်ပညာ ပါမောက္ခတစ်ဦးဖြစ်တဲ့ Charles Spence ဟာ အာလူးကြော်ထုပ်တွေနဲ့ အာလူးကြော်တွေ စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် ဘာလို့ အသံကျယ်ရလဲဆိုတဲ့အကြောင်းကို သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိရတဲ့အချက်ကတော့ အဲဒီလိုအသံထွက်ခြင်းက အာလူးကြော်ရဲ့အရသာကို ပိုုမိုကောင်းမွန်စေပါတယ်တဲ့။

စမ်းသပ်မှုတစ်ခု ပြုလုပ်

istock_000025900843_small.jpg 

ပရော်ဖက်ဆာ Spencer ရဲ့အဆိုအရတော့ ခင်ဗျားသာ အာလူးကြော်ထုပ်ကထွက်တဲ့ တဂျွတ်ဂျွတ်မြည်သံကို ကြားရရင် အာလူးကြော်ရဲ့ ပိုမိုကောင်းမွန်တဲ့ အရသာကိုလည်း ခံစားနိုင်ပါမယ်တဲ့။ သူက ပါဝင်သူတွေအားလုံးကို အသံလုပ်တဲ့ နားအုပ်နားကြပ် (Headphones) တပ်ခိုင်းပြီး အာလူးကြော်စားခိုင်းတဲ့ အသံစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပါဝင်သူအားလုံးက အာလူးကြော်ရဲ့ တဂျွတ်ဂျွတ် မြည်သံမကြားရတဲ့အခါ အာလူးကြော်အရသာက ဆီချေးစော်နံပြီး ပျော့ဖတ်နေသလိုု ခံစားရပါတယ်လို့ ဆိုကြပါတယ်။

 

ပရော်ဖက်ဆာ Spence ရဲ့သီအိုရီအရတော့ အာလူးကြော်ထုတ်လုပ်ရောင်းချသူတွေကလည်း ဒီဗဟုသုတကိုပဲ အသုံးချပြီး အာလူးကြော်ထုပ်တွေကို အသံကျယ်နိုင်သမျှ ကျယ်ကျယ်ထွက်အောင် ပြုလုပ်ထားကြတာလို့ ဆိုပါတယ်။ ပရော်ဖက်ဆာ Spence က "အစားအသောက်တစ်ခုမှာ အရောင်အဆင်း၊ အနံ့၊ အရသာတွေသာမက အသံကလည်း အရေးပါနေပါတယ်။

အထူူးသဖြင့် ထုပ်ပိုးထားတဲ့ အစားအသောက်တွေက ထွက်တဲ့အသံတွေပေါ့။ ဥပမာ အာလူးကြော်ထုပ်က ထွက်တဲ့ တဂျွတ်ဂျွတ်မြည်သံ၊ ရှန်ပိန်အရက်ပုလင်းတစ်လုံးဖောက်လိုက်ချိန်မှာ ထွက်လာတဲ့ ဖောက်ခနဲ၊ ရှဲခနဲ မြည်သံ။ ဒီအသံတွေက ကျွန်တော်တို့ရဲ့စိတ်ကို လှုံ့ဆော်ပေးပြီး အသံနောက်ကလိုက်ပါလာမယ့် အရသာကို မသိစိတ်က ပုံဖော်ထားနိုင်စေပါတယ်။"

"မားကက်တင်းသမားတစ်ယောက်ယောက်က ဒီလိုတွေးခဲ့တာလည်း ဖြစ်ပါလိမ့်မယ်။ ဒီအစားအစာက အသံ တဂျွတ်ဂျွတ်မြည်မယ့် ဝါးစရာတစ်မျိုး။ ဒါကြောင့် ထုပ်ပိုးရာမှာလည်း လိုက်ဖက်ညီအောင် တဂျွတ်ဂျွတ်မြည်နေမှဖြစ်မယ် ဆိုပြီး တွေးခဲ့တာဖြစ်နိုင်ပါတယ်" လို့လည်း သူကဆိုပါသေးတယ်။

ဒီသုတေသနဟာ Nottingham တက္ကသိုလ်က အစားအသောက်ဓာတုဗေဒ ပါမောက္ခ Dr. Ian Fish ရဲ့ လက်ဖက်ရည်ထဲကို ဘီစကစ်မုန့်နှစ်စားခြင်းက မုန့်ရဲ့အရသာကို ပိုမိုကောင်းမွန်စေတယ်ဆိုတဲ့ တွေ့ရှိချက်နောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘာပဲပြောပြော နောက်ဆိုရင် ရုပ်ရှင်ရုံထဲမှာ ဘေးကလူ အာလူးကြော် တဂျွတ်ဂျွတ်နဲ့ ဝါးနေရင် နည်းနည်း နားလည်ပေးနိုင်ပြီပေါ့။

Source: Dailymail

Share

Loading Next Article...
က္က