ကြက်သားက ဝိတ်ချနေသူတွေ ရွေးချယ်သင့်တဲ့အသားပါ။

ကာဘိုဟိုက်ဒြိတ်ဟာ ကစီဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒြိတ်ဓာတ် (ကစီဓာတ်)ပါတဲ့ စားစရာတွေကို စားပေးရင် နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေအတွက် အားဖြစ်စေပါတယ်။ ဒါပေမဲ့ များများစားရင်တော့ ဝိတ်တက်လာမှာပေါ့။ အသားဓာတ်ကလည်း လူကို ခွန်အားဖြစ်စေတယ်၊ ခန္ဓာကိုယ်ဖွံ့ထွားစေတယ်လေ။ ကစီဓာတ်နည်းပြီး အသားဓာတ်များတဲ့ အစားအစာတွေက ဝိတ်မတက်ဘဲနဲ့ လူကို အားရှိစေပါလိမ့်မယ်။



၁။ ကြက်ဥ

eggs-add-to-your-diet.jpg 

အမျိုးမျိုး ချက်ပြုတ်ကြော်ပေါင်း စားလို့ရတဲ့ ကြက်ဥက ပရိုတိန်းဓာတ် (အသားဓာတ်) အများကြီး ပါဝင်ပါတယ်။ မနက်စာစားဖို့ အချိန်မရရင် ကြက်ဥပြုတ်တစ်လုံး ဒါမှမဟုတ် ပေါင်မုန့်မီးကင်တစ်ချပ်နဲ့ ကြက်ဥကြော်တစ်လုံးတို့ကို တွဲစားပေးသင့်တယ်။

၂။ Protein Smoothie

peachy-green-protein-smoothie-add-to-your-diet.jpg

အယ်လ်မွန်နို့ရည်၊ နာနတ်သီး၊ ငှက်ပျောသီး၊ ဟင်းနုနွယ်တို့ကို ရောစပ်ကာ blender ထဲမှာ ထည့်ဖျော်ပြီး smoothie အဖြစ် သောက်သုံးနိုင်ပါတယ်။ Gym မှာ အားကစားလုပ်ပြီး ပြန်လာရင် သောက်ဖို့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒြိတ် အလွန်နည်းပါးပြီး အားရှိစေမယ့် ပရိုတိန်းဓာတ်တွေ ပါဝင်ပါတယ်။

၃။ အုတ်ဂျုံ

oatmeal-add-to-your-diet.jpg 

အုတ်ဂျုံ (Oatmeal) ကို နေ့စဉ်စားသုံးပေးရင် တစ်နေ့တာလိုအပ်တဲ့ ပရိုတိန်းပမာဏရဲ့ ၁၀ % မှ ၁၄ % အထိ ဖြည့်ပေးနိုင်ပါတယ်။ သစ်သီးတွေ၊ အခွံမာသီးတွေနဲ့ ရောပြီး စားကြတယ်လေ။

၄။ ပုစွန်

Prawns-and-couscous-salad-add-to-your-diet.jpg 

ပုစွန်ကို အခြားအရာတွေနဲ့ ရောပြီး အမျိုးမျိုး ပြုလုပ် စားသောက်ပေးနိုင်တယ်။ စားသလောက် ဝိတ်မတက်ဘူး။ ပရိုတိန်းဓာတ်လည်းရတယ်။

၅။ ကြက်သား

chicken-add-to-your-diet.jpg 

အသားတွေထဲမှာ ဝိတ်မတက်တဲ့အသားကတော့ ကြက်သားပါပဲ။ ကြက်သားလိုမျိုး (အပူပေးပြီးတဲ့အခါ) အဖြူရောင်အသားတွေက ဝိတ်ချနေသူတွေ ရွေးချယ်သင့်တဲ့အသားပါ။

Source : Beautiful


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က