Kebab ဆိုတဲ့ တုတ်ထိုးအသားကင်ဟာ ကမ္ဘာတဝှမ်းလုံးမှာ နှစ်သက်စွာစားသုံးကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

Kebab ဆိုတဲ့ တုတ်ထိုးအသားကင်ဟာ ကမ္ဘာတဝှမ်းလုံးမှာ နှစ်သက်စွာစားသုံးကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ Kebab ကို အသားတွေတင်မက ခရမ်းချဉ်သီးတို့၊ အာလူးတို့လို ဟင်းသီးဟင်းရွက်တွေနဲ့လည်း ကင်ကြပါတယ်။ အဲဒီထဲမှာမှ JOOJEH KABOB လို့ခေါ်တဲ့ ပါရှား kebab အကင်တစ်မျိုးက နာမည်အကြီးဆုံးပါပဲ။

 

အသားတွေကို တုံးတစ်ပြီးကင်ထားတဲ့ အသားကင်တွေကို သံပုရာရည်လေးညှစ်ပြီး ဆမ်းစားရတာကို နှစ်သက်ကြမှာပါ။ ဘီယာလေးနဲ့ တွဲဖက်စားသုံးရင်လိုက်ဖက်သလို ဒီတိုင်းစားရင်လည်းကောင်းတာပါပဲ။ အောက်မှာဖော်ပြထားတာကတော့ ပါရှား အသားကင်ပြုလုပ်နည်းလေးပါပဲ။

ပါဝင်ပစ္စည်း

ပါဝင်ပစ္စည်းတွေကတော့ အရိုးထုတ်ပြီးသား ကြက်ရင်အုပ်သား (၂) ပေါင်ခန့်၊ ကြက်သွန်နီ (၁) လုံး၊ သံပုရာရည်အနည်းငယ်၊ ကုံကုမံ (ဝတ်ဆံ) အမှုန့် လက်ဖက်ရည်ဇွန်း (၁/၂) ဇွန်း၊ ဆား (၁/၂) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁/၄) ဇွန်း၊ သံလွင်ဆီ (၄) ဇွန်း တိုု့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

ပြု လုပ်ပုံကတော့  ကြက်သွန်နီရယ်၊ သံလွင်ဆီရယ်၊ သံပုရာရည်၊ ကုံကုမံအမှုန့်၊ ဆားနဲ့ ငရုပ်ကောင်းမှုန့်တို့ကို ဇလုံတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို သမသွားအောင် ရောမွှေပေးလိုက်ပါ။

ပြီးရင် ပန်းကန်ပြားတစ်ချပ်ထဲမှာ ကြက်ရင်အုပ်သားကို ခုတ်ထစ်ပြီး အရွယ်တော်အတုံးလေးတွေဖြစ်အောင် တုံးတစ်လိုက်ပါ။ ခုနက ပါဝင်ပစ္စည်းတွေရောပြီး ရလာတဲ့အနှစ်ကို ကြက်သားတုံးတွေကြားမှာ နှံ့စပ်သွားအောင် ဖြူးပေးနယ်ပေးလိုက်ပါ။ ပြီးရင်တော့ အဖုံးဖုံးပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး (၆) နာရီနဲ့ (၁၀) နာရီကြားကြာအောင် နှပ်ထားပေးလိုက်ပါ။

 

ပြီးရင် အသားကင်တဲ့သတ္တုသီတံတွေနဲ့ ကြက်သားတုံးတွေကို ထိုးသီလိုက်ပါ။ မီးဖိုမီးဖိုတစ်ခုကို အသင့်ဖိုထားပြီး သီတံတွေကို မီးဖိုပေါ်မှာ ဇကာကွက်လေးခံပြီး တင်ထားပေးလိုက်ပါ။ ကြက်သားတွေ အရသာကောင်းမွန်စေဖို့ တစ်ဖက်ကိုမလှန်ခင် အနည်းဆုံး (၅) မိနစ်ကနေ (၇) မိနစ်ကြား ကင်ပေးလိုက်ပါ။ အသားအကျက်ညီမညီကိုတော့ ဓားလေးတစ်ချောင်းနဲ့ အသားကို ထိုးကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ အသားက အဆီပြန်ပြီး ဖြူဖွေးလာပြီးဆိုုရင်တော့ စားသုံးဖို့အတွက် ရယ်ဒီဖြစ်ပါပြီ။

ငရုပ်ပွသီး၊ ခရမ်းချဉ်သီး၊ အာလူးတို့ကိုလည်း ပုံစံတူမီးကင်ပြီး တွဲဖက်စားသုံးနိုင်ပါတယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပါရှားအသားကင်လေးကို စားသုံးနိုင်ပါပြီ။

Source: 196flavors

Share

Loading Next Article...
က္က