Food & Travel: ကမ္ဘာ့ဈေးအကြီးဆုံး မြို့ (၁၀) မြို့

မြို့ပေါင်း ၂၀၉ မြို့ရဲ့ နေထိုင်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ အဝတ်အထည်နဲ့ စားသောက်စရိတ်နဲ့ ဖျော်ဖြေရေးအတွက် စရိတ်စက အပါအဝင် နေ့စဉ်လူနေမှုစရိတ် အမျိုးအစား ၂၀၀ ကို နှိုင်းယှဉ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

play
ဟောင်ကောင်


၂၀၁၆ ခုနှစ်အတွက် လူနေမှုစရိတ်အကြီးဆုံး ကမ္ဘာ့မြို့များစာရင်းကို နယူးယော့ခ်အခြေစိုက် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ အကြံပေးကုမ္ပဏီ Mercer က ထုတ်ပြန်လိုက်ပါတယ်။ Mercer ရဲ့ စာရင်းအရ ဟောင်ကောင်မြို့ဟာ လူနေမှုစရိတ်အကြီးဆုံးအဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

play
လူအန်ဒါ


ဟောင်ကောင်ရဲ့နောက်မှာ လူအန်ဒါမြို့နဲ့ ဇူးရစ်မြို့တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ Mercer ရဲ့ စစ်တမ်းအရ ဟောင်ကောင်မှာ အိပ်ခန်းသုံးခန်းပါ နေအိမ်ငှားရမ်းခမှာ မြန်မာကျပ်ငွေ သိန်း ၁၄၀ ကျော် ကျသင့်တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ ဂျင်းဝတ်စုံတစ်စုံကို မြန်မာငွေ တစ်သိန်းခွဲ၊ ကော်ဖီတစ်ခွက်ကို မြန်မာငွေ ၉,၀၀၀ ကျော်၊ ဟမ်ဘာတစ်လုံးကို မြန်မာငွေ ၅,၆၀၀ ဝန်းကျင်နဲ့ ဘီယာခွက်သေးတစ်ခွက်ကို မြန်မာငွေ ၁,၅၀၀ ခန့် ပေးရတယ်လို့ Mercer က ဆိုပါတယ်။

play
ဇူးရစ်


အန်ဂိုလာနိုင်ငံမှ လူအန်ဒါမြို့က ယခုနှစ်မှာ ဈေးအကြီး မြို့စာရင်းရဲ့ နံပါတ် ၂ နေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှ စင်ကာပူက ကမ္ဘာ့ဈေးအကြီးဆုံး မြို့များစာရင်းရဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။

play
စင်ကာပူ


စင်ကာပူနဲ့ဇူးရစ်မြို့တို့ဟာ ယခင်နှစ်က ထုတ်ပြန်ခဲ့တဲ့ ဈေးအကြီးဆုံး မြို့များစာရင်းမှာ ရပ်တည်မှုမပြောင်းလဲခဲ့ပါဘူး။ အာရှဒေသမှ တိုကျိုမြို့က  နံပါတ် ၅ နေရာကို ရောက်ရှိလာပါတယ်။

play
တိုကျို


Mercer က ကမ္ဘာတစ်ဝန်းမှ မြို့ပေါင်း ၂၀၉ မြို့ရဲ့ နေထိုင်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ အဝတ်အထည်နဲ့ စားသောက်စရိတ်နဲ့ ဖျော်ဖြေရေးအတွက် စရိတ်စက အပါအဝင် နေ့စဉ်လူနေမှုစရိတ် အမျိုးအစား ၂၀၀ ကို နှိုင်းယှဉ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

Mercer က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မြို့ (၁၀) မြို့

၁။ ဟောင်ကောင်
၂။ လူအန်ဒါ (အန်ဂိုလာနိုင်ငံ)
၃။ ဇူးရစ် (ဆွစ်ဇာလန်နိုင်ငံ)
၎။ စင်ကာပူ
၅။ တိုကျို (ဂျပန်နိုင်ငံ)
၆။ ကင်ရှာဆာ (ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ)
၇။ ရှန်ဟိုင်း (တရုတ်နိုင်ငံ)
၈။ ဂျီနီဗာ (ဆွစ်ဇာလန်)
၉။ အန်ဒက်ဂ်ျမီနာ (ချက်ဒ်)
၁၀။ ဘေဂျင်း (တရုတ်နိုင်ငံ)
Source & Photo: Wikipedia, Mercer, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ