Food & Travel: ဖရဲသီးဝယ်ရင် ဘယ်လိုရွေးရလဲ

ဖရဲသီးကို လက်ဆစ်နဲ့ ခေါက်ကြည့်ပါ။ အသံအုပ်အုပ် ထွက်တယ်ဆိုရင် မမှည့်သေးပါဘူး။

play

 

ဖရဲသီးကြိုက်တယ်၊ ဖရဲသီးအလုံးလိုက် ဝယ်စားလေ့ရှိတယ်ဆိုရင်တော့ ဖရဲသီးကောင်းတစ်လုံး ဘယ်လိုရွေးရတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ 

၁ -  ပုံပန်းသဏ္ဍန်

အနာအဆာကင်းပြီး ပုံပန်းသဏ္ဍန် အချိုးအစားကျတဲ့ ဖရဲသီးကိုရွေးပါ။ တစ်နေရာရာက ချွန်နေတာတွေ၊ ဖောင်းနေတာတွေ၊ ပိန့်ရာချိုင့်ရာတွေရှိနေရင် မယူပါနဲ့။ ဒါဟာ ရေနဲ့ နေရောင်ခြည်ကို သာမန်ပုံစံမျိုး မရခဲ့တဲ့ လက္ခဏာပါ။

၂ - မကြည့်ပါ

play

 

ဖရဲသီးကို မကြည့်ပါ။ ဖရဲသီးဟာ သူ့အရွယ်အစားတိုင်း လေးလေးပင်ပင် ရှိရပါမယ်။ ဒီလိုလေးတယ်ဆိုရင် မှည့်ပြီး အရည်ရွှမ်းတဲ့ အသီးဖြစ်ပါတယ်။

၃ - အဝါရောင်အကွက်

play

 

ဖရဲသီးမှာ အဝါရောင်ရင့်ရင့်  အကွက်မျိုး ရှိရင်ယူသင့်ပါတယ်။ အဆိုပါအကွက်က အဖြူရောင်ဘက် ရောက်နေတယ်ဆိုရင်တော့ မယူသင့်ပါဘူး။

၎ - အစိမ်းရောင်ရင့်ရင့်

play

 

ဖရဲသီးမှည့်ကောင်းကောင်း တစ်လုံးရဲ့ အရောင်ဟာ အစိမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်။ အရောင်တောက်တာထက် အရောင်မှိုင်းမှိုင်း ရှိပါတယ်။ အရောင်တောက်တောက် ဖရဲသီးဟာ မမှည့်သေးပါဘူး။

၅ - ခေါက်ကြည့်ပါ

play

 

ဖရဲသီးကို လက်ဆစ်နဲ့ ခေါက်ကြည့်ပါ။ အသံအုပ်အုပ် ထွက်တယ်ဆိုရင် မမှည့်သေးပါဘူး။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ