Food & Travel: ကြက်ကြော်စားရင်း စမတ်ဖုန်းအားသွင်းနိုင်

ကန့်သတ်ထုတ်လုပ်ထားတဲ့ 'Watt a Box' ကို တစ်ပတ်ကြား ပြုလုပ်တဲ့ KFC အိန္ဒိယ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဒေလီနဲ့ မွမ်ဘိုင်းရှိ KFC အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

play


အိန္ဒိယနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ KFC ကြက်ကြော်ဆိုင်က ကြက်ကြော်စာရင်း ဖုန်းဘက်ထရီ အားသွင်းနိုင်တဲ့ ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။ KFC ရဲ့ ကြက်ကြော်ပါဆယ်ဘူးတွေမှာ ဘက်ထရီအားသွင်း ကိရိယာပါဝင်ပြီး ကြက်ကြော်စားရင်း ဖုန်းဘက်ထရီကို အားသွင်းနိုင်မှာပါ။

play


ဖုန်းအားသွင်းနိုင်တဲ့ 'Watt a Box' ကြက်ကြော်ပါဆယ်ဘူးတွေကို KFC က အကန့်အသတ်ဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 'Watt a Box' ကြက်ကြော်တစ်ဘူးကို မြန်မာငွေ ၂,၆၀၀ ကျော် ကျသင့်မယ်လို့ ဆိုပါတယ်။ ကန့်သတ်ထုတ်လုပ်ထားတဲ့ 'Watt a Box' ကို တစ်ပတ်ကြား ပြုလုပ်တဲ့ KFC အိန္ဒိယ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဒေလီနဲ့ မွမ်ဘိုင်းရှိ KFC အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

play


'Wat a Box' မှာ ကြက်ကြော်၊ ဟမ်ဘာဂါ၊ အအေးစတဲ့ အစားအသောက် ငါးမျိုးပါရှိပါတယ်။ ယနေ့ခေတ်မှာ လူတိုင်းဟာ နေ့စဉ် စမတ်ဖုန်းသုံးချိန် များပြားလာပြီး ဖုန်းဘက်ထရီ အားကုန်သွားခြင်းက ပြဿနာတစ်ခု ဖြစ်လာတာကြောင့် ဒီ ပြဿနာကို KFC ရဲ့ 'Watt a Box' က ဖြေရှင်းပေးပါလိမ့်မယ်လို့ အိန္ဒိယ KFC ရဲ့ အကြီးအကဲက Times of India သတင်းဌာနကို ပြောကြားပါတယ်။
Source & Photo: Forbes, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ