Food & Travel: ကမ္ဘာ့အကောင်းဆုံး အလုပ်ကို ရထားတဲ့ ဘီကီနီမော်ဒယ်

လူတိုင်းလိုလို တောင့်တကြတဲ့ ဘဝတစ်ခုကိုလည်းသူမပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။

play

 

ကယ်လီဖိုးနီးယားမှာ နေထိုင်သူ အသက် ၂၅ နှစ်အရွယ် မော်ဒယ်တစ်ဦးဟာ ကမ္ဘာ့အကောင်းဆုံးအလုပ်တွေကို ရရှိထားတယ်လို့ ဆိုင်ပါတယ်။ မော်ဒယ်တစ်ဦးဖြစ်တဲ့ သူမဟာ အင်စတာဂရမ်မှာ နာမည်ကျော်ကြားသူလည်းဖြစ်ပါတယ်။

play

 

သူမကိုယ် သူမတော့ တဟေတီက ရေသူမလို့ အမည်ပေးထားပြီး တကယ့်နာမည်အရင်းက ဟန်နာလိုင်လို့ ခေါ်ပါတယ်။ သူမအသက် ၁၈ နှစ်အရွယ်မှာပဲ မော်ဒယ်တစ်ဦး ဖြစ်ဖို့ အေဂျင်စီတွေနဲ့ အဆက်အသွယ်ရခဲ့ပြီးအခုဆိုရင် နာမည်ကျော်မော်ဒယ်အေဂျင်စီ IMG နဲ့ စာချုပ်ချုပ်ထားသူဖြစ်ပါတယ်။

play

 

 IMG ဆိုတာ မော်ဒယ်ကိတ်မော့စ်တို့လို နာမည်ကျော်တွေ မွေးထုတ်ခဲ့ဖူးတဲ့ အေဂျင်စီတစ်ခုပါ။ IMG အပြင်သူမနဲ့ စာချုပ်ချုပ်ထားတဲ့ လုပ်ငန်းတွေများစွာ ရှိပါတယ်။

play

 

ဟန်နာလိုင်ရဲ့ အဓိကအလုပ်က ကမ္ဘာတစ်လွှား လူတိုင်းသွားချင်ကြတဲ့ သာယာလှပတဲ့ကမ်းခြေတွေကို အမြဲခရီးထွက်နေရပြီး သူမနဲ့ စာချုပ်ချုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို မိတ်ဆက်ကြော်ငြာပေးရတာဖြစ်ပါတယ်။

play

 

 ရေကူးဝတ်စုံတွေကိုလည်း ကြော်ငြာပေးရတဲ့အတွက် သူမရဲ့ အင်စတာဂရမ်မှာတော့ ကမ်းခြေနဲ့ သူမရဲ့ ဘီကီနီဓာတ်ပုံတွေသာ ပြည့်နေပါတယ်။ သူမရဲ့ အင်စတာဂရမ်မှာလည်း Follower ပေါင်း ၁၃၀၀၀၀ ကျော်ရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ