Food & Travel: စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်နေရရင် ဒါတွေစားပါ

, updated

စိတ်ညစ်ညစ်နဲ့ အဆက်မပြတ်ဝါးနေချင်ရင်တော့ ပေါက်ပေါက်ပဲ ထိုင်ဝါးနေတာ အကောင်းဆုံးပါပဲ။

play

 

၁။ ရေခဲမုန့်

စိတ်ခံစားမှုပြဿနာတွေနဲ့ စိတ်ဖိစီးမှုဝေဒနာကို လျော့ပါးစေပါတယ်။ အေးစိမ့်ချိုမြတဲ့ ရေခဲမုန့်ကြောင့် ဦးနှောက်ထဲက ပျော်ရွှင်မှုဖြစ်စေတဲ့ဓာတ်ကို လှုံ့ဆော်ပေးနိုင်ပါလိမ့်မယ်။

play

 

၂။ သံပုရာရည်

ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာရည်က တစ်ငုံလောက်သောက်မိရင်ပဲ လူကိုလန်းဆန်းစေမှာပါ။

play

 

၃။ ပေါက်ပေါက်

စိတ်ညစ်ညစ်နဲ့ အဆက်မပြတ်ဝါးနေချင်ရင်တော့ အာလူးကြော်ကို မျက်စောင်းမထိုးပါနဲ့။ ကယ်လိုရီများပြီး ကျန်းမာရေးအတွက် မသင့်လျော်တဲ့အစားအစာထက် ပေါက်ပေါက်ပဲ ထိုင်ဝါးနေတာ အကောင်းဆုံးပါပဲ။ အချိုများလွန်းတဲ့ပေါက်ပေါက်တော့ မဖြစ်စေနဲ့ပေါ့။

play

 

၎။ ဟမ္ဘာဂါ

စိတ်ညစ်နေရင် ဒေါသဖြစ်နေရင် စားလိုက်ရမှဆိုသူတွေအတွက်တော့ ဟမ်ဘာဂါကို ကျိန်းသေရွေးချယ်ကြမှာ အသေအချာပါပဲ။ အသားညှပ်ဟမ်ဘာဂါထက်စာရင် ဆယ်လ်မွန်ငါးနဲ့လုပ်ထားတဲ့ ဟမ်ဘာဂါကတော့ ပိုကောင်းပါတယ်။ ဆယ်လ်မွန်ငါးမှာ စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ ရင်ပူမှုကို လျော့ပါးစေတဲ့ Omega-3 fatty acid နဲ့ စိတ်ဓာတ်ကျမှုကို တိုက်ထုတ်နိုင်တဲ့ ဗီတာမင် Dတို့ ပါဝင်ပါတယ်။

play

 

၅။ ချောကလက်

ချောကလက်စားခြင်းက နှလုံးကိုကျန်းမာစေပြီး ဦးနှောက်နဲ့ အာရုံကြောတွေကို လန်းဆန်းစေပါတယ်။ စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေနိုင်တာကို သုတေသနရလဒ်ပေါင်းများစွာကလည်း အတည်ပြုပြီးသားပါ။ အချိုများလွန်းတဲ့ ချောကလက်ထက် အနက်ရောင်ချောကလက်က ပိုပြီးအာနိသင်ထိရောက်ပါတယ်။

Source : Prevent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ