Food & Travel: ရှန်ဟိုင်းရဲ့ ပထမဆုံးကြယ်ခုနစ်ပွင့် ဟိုတယ်

, updated

ကမ္ဘာ့ဒုတိယမြောက် ကြယ်ခုနစ်ပွင့်အဆင့်ဟိုတယ်လည်း ဖြစ်လာပါတယ်။

play

 

The Wanda Reign on the Bund အမည်ရှိ ကြယ်ခုနစ်ပွင့်ဟိုတယ်ကို ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ ကြယ်ခုနစ်ပွင့်အဆင့်ရှိဟိုတယ်ဟာ ကမ္ဘာမှာ များများစားစားမရှိပါဘူး။ ဒူဘိုင်းက Burj Al Arab ဟိုတယ်ပြီးရင် The Wanda Reign on the Bund ဟိုတယ်သာ ရှိပါတယ်။

play

 

ရှန်ဟိုင်းရဲ့ ပထမဆုံးကြယ်ခုနစ်ပွင့်ဟိုတယ်ဟာ Huangpu မြစ်ကမ်းမှာ တည်ရှိပြီး အဆင့်မြင့်ဇိမ်ခံပစ္စည်းတွေသာမက တရုတ်ရှေးဟောင်းလက်ရာတွေကိုလည်း ပြတိုက်တစ်ခုသဖွယ် မြင်ရဦးမှာပါ။ အခန်း ၁၉၃ ခန်း ပါဝင်ပြီး ပုံစံနှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။

play
play

 

ပရိုမိုးရှင်းကာလအနေနဲ့ ဈေးနှုန်းလျှော့ချပေးထားမှာဖြစ်ပြီး အခန်းတစ်ခန်းကို တစ်ညတည်းခိုနှုန်း တရုတ်ယွမ်ငွေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၄၅၃ ခန့်) ကျသင့်မှာဖြစ်ပါတယ်။

Source : Hindustandtimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ