Food & Travel: ဈေးလည်းသက်သာ နေချင်စရာ မြို့များ

ဒီမြို့တွေက ကမ္ဘာ့ဈေးအကြီးဆုံးမြို့များစာရင်းမှာ အောက်ဆုံးမှရပ်တည်နေပြီး ဈေးအသက်သာဆုံးလို့ဆိုရမယ့် မြို့တွေပါပဲ။

play

 

ကမ္ဘာတစ်ဝန်းရှိ မြို့များအနက် နေချင်စဖွယ်ကောင်းသလို သွားရောက်လည်ပတ်ရာမှာလည်း တည်းခိုစားသောက်စရိတ် သက်သာတဲ့ မြို့ (၁၁) မြို့ ဖြစ်ပါတယ်။ ဒီမြို့တွေက နယူးယော့ခ်အခြေစိုက် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ အကြံပေးကုမ္ပဏီ Mercer က ထုတ်ပြန်လိုက်တဲ့ ယခုနှစ်အတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့များစာရင်းမှာ အောက်ဆုံးမှရပ်တည်နေပြီး ဈေးအသက်သာဆုံးလို့ဆိုရမယ့် မြို့တွေပါပဲ။

၁။ လိုင်ယွန် (ပြင်သစ်)

play

 

Mercer ရဲ့ ဈေးအကြီးဆုံးစာရင်းမှာ နံပါတ် ၁၃၂ ဖြစ်ပါတယ်။ အကောင်းစားတွေ သိပ်ရှိနိုင်ဖို့ မမျှော်လင့်နိုင်ပေမဲ့ ပြင်သစ်နိုင်ငံရဲ့ တတိယအကြီးဆုံးနဲ့ ယဉ်ကျေးမှုအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့မြို့ပါ။

၂။ လစ္စဘွန်း (ပေါ်တူဂီ)

play

 

ဥရောပခရီးသွားတွေကြားမှာ လစ္စဘွန်မြို့က လည်ပတ်ချင်စရာ အကောင်းဆုံးမြို့တစ်မြို့ပါ။ အလားတူ မြို့တွေနဲ့နှိုင်းယှဉ်ကြည့်ရင် လစ္စဘွန်းက ဈေးသက်သာတယ်လို့ Mercer က ညွှန်းပါတယ်။

၃။ ဝယ်လင်တန် (နယူးဇီလန်)

play

 

နေချင်စရာအကောင်းဆုံး နိုင်ငံရဲ့ ဝယ်လင်တန်မြို့က အခမဲ့ လည်ပတ်စရာနေရာတွေ ပေါပါတယ်။

၎။ ရီဂါ (လတ်ဗီးယား)

play

 

ဥရောပမှာ ၂၀၁၄ ခုနှစ် ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံရတဲ့ ရီဂါမြို့က ဈေးသက်သာတဲ့မြို့လည်း ဖြစ်ပါတယ်။

၅။ ပရာဂူး (ချက်ရီပတ်ဘလစ်)

play

 

ပရာဂူးက နေချင်စဖွယ်ကောင်းသလို ဈေးသက်သာတဲ့ လမ်းမတစ်လျှောက် စားသောက်ဆိုင်တန်းနဲ့ ဗိသုကာ လက်ရာတွေကလည်း မြို့ရဲ့ ပြယုဂ်လို့ပင် ဆိုနိုင်ပါတယ်။

၆။ အော့တဝါ (ကနေဒါ)

play

 

Mercer က ထုတ်ပြန်ထားတဲ့ စာရင်းအရ အော့တဝါမြို့က လူနေမှုစရိတ်သက်သာပြီး သာယာလှပတဲ့ နေချင်စဖွယ် မြို့ဖြစ်ပါတယ်။

၇။ စန်တီယာဂို (ချီလီ)

play

 

တောင်အမေရိကကို သွားလည်မယ်ဆိုရင် လူနေမှုစရိတ် မကြီးလှတဲ့ စန်တီယာဂိုက ဦးစားပေးရွေးချယ်စရာပါ။

၈။ ဟနွိုင်း (ဗီယက်နမ်)

play

 

အရှေ့တောင်အာရှက ဟနွိုင်းမြို့ကလည်း တည်းခိုစားသောက်စရိတ် သက်သာတဲမြို့ဖြစ်ကြောင်း Mercer ရဲ့ စာရင်းအရ သိရပါတယ်။

၉။ ဘဲလ်ဖတ် (မြောက်အိုင်ယာလန်)

play

 

ဘဲလ်ဖတ်မြို့က ဗဟိုအမေရိကမှ မြို့အများအပြားထက် နေထိုင်စားသောက်စရိတ် သက်သာတာကို Mercer က ထုတ်ပြန်တဲ့ စာရင်းမှာ တွေ့ရပါတယ်။

၁၀။ ကိပ်တောင်း (တောင်အာဖရိက)

play


လှပတဲ့ ကမ်းခြေနဲ့အတူ နေချင်စဖွယ် ကိပ်တောင်းမြို့က လူနေမှုစရိတ် ကြီးလှတဲ့စာရင်းမှာ မပါဝင်ပါဘူး။

၁၁။ ဆိုဖီယာ (ဘူလ်ဂေရီးယား)

play


လူသိနည်းပေမဲ့ နေထိုင်လည်ပတ်ဖို့ စဉ်းစားသင့်တဲ့ မြို့ဖြစ်ပါတယ်။ လှပတဲ့ရှုခင်းတွေနဲ့ လမ်းဘေးစားသောက်ဆိုင်တန်းတွေက ဒီမြို့ရဲ့ ရတနာလို့ပင် ဆိုရမှာပါ။
Source & Photo: HuffPost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ