Food & Travel: ၈၆ နှစ် အဘွားအို ကိုယ်တိုင်လုပ်တဲ့ ကြွေထည်နန်းတော်

ကြွေထည်ပစ္စည်းပေါင်း ခြောက်သောင်းကျော်ကို စုစည်းထားပါတယ်။

play

 

Jiangxi ပြည်နယ် ရှင်ပင်းရွာကလေးက ယုဆိုတဲ့ အသက် ၈၆ နှစ် တရုတ်အဘွားအိုဟာ ကြွေထည်တွေကို အသုံးပြုပြီး ပြတိုက်တစ်ခုတည်ဆောက်ထားပါတယ်။

play

 

သူမရဲ့ အိမ်မက်စံအိမ်လေးဖြစ်လာဖို့ တရုတ်ယွမ်ငွေ ၆ သန်း (ပေါင် ၆၇၀၀၀၀) သုံးစွဲကာ ၅ နှစ် အချိန်ယူဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမတောင့်တတဲ့အတိုင်း ဖြစ်လာဖို့ ကျောက်မျက်ရတနာတွေကို ရောင်းချကာ ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

play

play

 

ဟန်မင်းဆက်က ကြွေထည်လက်ရာတွေကိုလည်း ထည့်သွင်းထားလို့ သူမရဲ့ကြွေသားနန်းတော်ဟာ ပြတိုက်တစ်ခုလို လေ့လာစရာကောင်းပါတယ်။ ယုဟာ အသက် ၁၂ နှစ်မှာ ကြွေထည်လုပ်ငန်းမှာ အလုပ်လုပ်ခဲ့ရလို့ သူမရဲ့နန်းတော်ကို စိတ်ကြိုက်ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : People Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ