Food & Travel: ကြက်ဥအစာသွပ် လုပ်စားကြရအောင်

ပိတ်ရက်မှာ မိသားစုနဲ့အတူ လုပ်စားဖို့အကောင်းဆုံးပေါ့။

play

 

တနင်္ဂနွေလိုမျိုး ပိတ်ရက်တွေမှာ အပြင်မသွားဘဲ မိသားစုနဲ့ဖြစ်စေ အပေါင်းအသင်းတွေနဲ့ဖြစ်စေ မုန့်လုပ်စားဖို့ အစီအစဉ်ရှိသူတွေအတွက် ကြက်ဥအစာသွပ်လုပ်စားဖို့ ပြုလုပ်နည်းလေး ဖော်ပြလိုက်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ လက်ဆင့်ကမ်းနေကြတဲ့ ကြက်ဥအစာသွပ်လေးကို အဆာပြေအနေနဲ့ စားသုံးနိုင်ပြီး ဧည့်သည်တွေကိုလည်း တည်ခင်းကျွေးမွေးနိုင်ပါတယ်။ အရသာလည်းရှိ အာဟာရလည်းရှိတဲ့အပြင် ပြုလုပ်ရတာလည်းလွယ်ကူပါတယ်။

play

 

*လိုအပ်သောပစ္စည်းများ - ကြက်ဥ၊ ကြက်သား၊ ပုစွန်၊ မုန့်နှစ်ပြုလုပ်ရန် အကြော်မှုန့်၊ ပေါင်မုန့်ခြောက်မှုန့်တို့ပဲ ဖြစ်ပါတယ်။

*ကြက်ဥတွေကို ပြုတ်ထားတုန်းမှာ ကြက်သားနဲ့ပုစွန်ကို နုတ်နုတ်စင်းထားပါ။ နှစ်ခုရောပြီး အရသာမှုန့်၊ ဆား၊ ငြုပ်ကောင်း၊ နနွင်းအနည်းငယ်ထည့်နယ်ပါ။

play

 

*ကြက်ဥပြုတ်ရပြီဆိုရင် အကာသပ်သပ် အနှစ်သပ်သပ်ခွဲလိုက်ပါ။ အနှစ်တွေကို ခုနကနယ်ထားတဲ့ ကြက်သားနဲ့ပုစွန်ထဲပေါင်းထည့်ပြီး နယ်နိုင်ပါတယ်။ ကြက်ဥအနှစ်ဖယ်ပြီးရင် အဖြူရောင်အကာကိုပါ ဇွန်းနဲ့နည်းနည်းထပ်ခြစ်ထုတ်လိုက်ပါ။ အကာကိုခြစ်ထုတ်လိုက်တော့ အစာပိုပြီးသွပ်နိုင်ပါတယ်။

play

 

*အစာသွပ်ပြီးပြီဆိုရင်တော့ ဖျော်ထားတဲ့မုန့်နှစ်ရည်ထဲထည့်စိမ်ပါ။ ပေါင်မုန့်ခြောက်မှုန့်နဲ့ ထပ်ပြီးကပ်ကာ ကြော်လိုက်ရုံပါပဲ။

* ပေါင်မုန့်ခြောက်လေးတွေ အညိုရောင်သမ်းစပြုလုပ် ဆီအိုးထဲကဆယ်ပြီး သုံးဆောင်နိုင်ပါပြီ။

(ကြက်ဥအစာသွပ် ပြုလုပ်နည်းကို Ye Thu Aung Thwin မှ ကူညီပံ့ပိုးပေးပါသည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ