Food & Travel: အမူးလွန်တာပျောက်စေမယ့် သစ်တော်သီးဖျော်ရည်

အမူးလွန်ပြီးမှောက်သွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ကြိုပြီးသောက်ရမှာပါ။

play

 

စိတ်ညစ်လို့ပဲဖြစ်ဖြစ် ပွဲမှာအသောက်လွန်လို့ပဲဖြစ်ဖြစ် ရေချိန်ကျော်သွားတဲ့အခါ အမူးလွန်တဲ့ဝေဒနာကို ခံစားကြရပါတယ်။ အိပ်ရာကမထနိုင်ဘဲ ခေါင်းကိုက်နေတာတွေ၊ အစာအိမ်ထဲက နေလို့မကောင်းတာတွေနဲ့ အော့အန်ချင်သလိုဖြစ်တာတွေကို ကုစားနိုင်ဖို့နည်းလမ်းကို အမြဲတမ်းလိုလိုရှာဖွေနေကြတုန်းပါပဲ။

play

 

သြစတြေးလျသိပ္ပံပညာရှင်တွေ နောက်ထပ်တွေ့ရှိလိုက်တဲ့ အမူးလွန်တာပျောက်စေမယ့်အရာကတော့ သစ်တော်သီးဖျော်ရည်ပါ။

play

 

အရက်မသောက်မီမှာ သစ်တော်သီးဖျော်ရည် ၂၂၀ မီလီလီတာကို ကြိုတင်သောက်သုံးခြင်းကြောင့် အမူးလွန်တာကို သိသိသာသာ သက်သာလျော့ပါးစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ သစ်တော်သီးဖျော်ရည်ကြောင့် အစာအိမ်က အရက်ကိုစုပ်ယူမှုလျော့ပါးသွားမှာဖြစ်သလို အယ်လ်ကိုဟောရဲ့အာနိသင်သက်ရောက်မှုကိုပါ လျော့ချနိုင်တယ်လို့ သိရပါတယ်။

Source : Marieclaire

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ