Food & Travel: ခင်ပွန်းကဗီဇာမရလို့ တစ်ယောက်တည်း ဟန်းနီးမွန်းထွက်ခဲ့ရတဲ့အဖြစ်

ဝမ်းနည်းပေမယ့် ပြောင်စပ်စပ်ဖြစ်နေတဲ့ အမူအယာတွေက လူကြိုက်များစရာဖြစ်လာခဲ့ပါတယ်။

play

 

လက်ထပ်ပြီးစ ဇနီးမောင်နှံတွေအဖို့ ဟန်းနီးမွန်းဆိုတာ ဘဝရဲ့ အမှတ်ရဆုံးဖြစ်စေမယ့် ခရီးတစ်ခုပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဟန်းနီးမွန်းကို တစ်ကိုယ်တည်းထွက်ခဲ့ရသူလေးလည်း ရှိပါတယ်။

play

 

လာဟိုးမြို့သူလေး ဟျူမာ မော့ဘင်ဆိုသူ အမျိုးသမီးငယ်ဟာ အာစလန်း စီဗာ ဘတ်တ်နဲ့ အကြောင်းပါပြီး လက်ထပ်ခဲ့ပါတယ်။ ကြင်စဦးစုံတွဲက ဂရိကို ဟန်းနီးမွန်းထွက်ဖို့ စီစဉ်ထားကြပြီးသားပါ။ မော့ဘင်ရဲ့ခင်ပွန်းက အချိန်မီ ဗီဇာမရလို့ မော့ဘင်တစ်ကိုယ်တည်း ခရီးထွက်ခဲ့ရပါတယ်။

play

 

မော့ဘင်းရဲ့ ၁၀ ရက်တာ တစ်ကိုယ်တော်ဟန်းနီးမွန်းဟာ မပျော်ခဲ့ရပါဘူး။ ရောက်လေရာ နေရာတိုင်း ခင်ပွန်းကိုလွမ်းလို့ ရှုံ့မဲ့နေတဲ့မျက်နှာနဲ့ အမှတ်တရပုံတွေ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

play

 

သူမရဲ့ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပြီး ဝမ်းနည်းပေမယ့် ပြောင်စပ်စပ်ဖြစ်နေတဲ့ အမူအယာတွေက လူကြိုက်များစရာဖြစ်လာခဲ့ပါတယ်။

Source : Outside Girl Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ