Food & Travel: အမဲသားရေခဲချောင်း စားကြမလား

ကြားလည်းမကြားဖူး၊ စားလည်းစားဖူးမယ်မထင်ပါဘူး။ ဒါပေမဲ့ တကယ်ရောင်းချနေပါတယ်။

play

 

နယူးယော့ခ်မြို့က Springbone Kitchen စားသောက်ဆိုင်မှာ ရေခဲချောင်းအသစ်အဆန်းတစ်မျိုး ရောင်းချနေပါတယ်။ အမဲသားနဲ့လုပ်တဲ့ ရေခဲချောင်းပါ။

play

 

အမဲသားနဲ့ အမဲရိုးစွပ်ပြုတ်ကို အုန်းနို့နဲ့ရောကာ ရေခဲချောင်းပြုလုပ်ဖန်တီးကာ ရောင်းချနေတာဖြစ်ပါတယ်။ ရေခဲချောင်းတစ်ခုကို လေးဒေါ်လာနဲ့ ရောင်းချနေတာဖြစ်ပြီး စားသုံးသူတွေကတော့ နှစ်သက်ကြောင်း မှတ်ချက်ပေးပါတယ်။

play

 

စွပ်ပြုတ်ဟင်းရည်ကို စားသုံးခြင်းဟာ ကျန်းမာရေးအကျိုးရလဒ်ကောင်းတွေ ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ကာ တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ်။ Springbone Kitchen စားသောက်ဆိုင်မှာ အမဲသားစွပ်ပြုတ်ဟင်းရည်ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ရောင်းချခဲ့တာဖြစ်ပြီး သရုပ်ဆောင် ဂွင်းနက်သ်ပက်ထရိုနဲ့ ရှိန်လင်းဝုဒ်လေတို့ မကြာခဏလာရောက်စားသောက်ကြပါတယ်။ ခုတော့ ပူပြင်းတဲ့ရာသီဥတုမှာ အချိုတည်းစရာ အမဲသားရေခဲချောင်းကို တီထွင်ရောင်းချလိုက်တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ