Food & Travel: အင်ဒိုနီးရှားက အိမ်သာကဖေး

အသံကြားရုံနဲ့ အော့အန်သွားမလားပဲ..။ တရုတ်၊ ထိုင်ဝမ်နဲ့ ရုရှားမှာလည်း ရှိသေးတယ်လို့ သိရပါတယ်။

play

 

အင်ဒိုနီးရှားက စားသောက်ဆိုင်တစ်ခုကို အိမ်သာကဖေး (Toilet Cafe)လို့ အမည်ပေးထားပြီး လာရောက်သူတွေကို အိမ်သာအသုံးအဆောင်တွေနဲ့ တည်ခင်းပါတယ်။

play

 

အဓိကအစားအစာကတော့ စွပ်ပြုတ်နဲ့အသားလုံးဟင်းရည်ဖြစ်ပြီး ဒီတစ်မျိုးတည်းကိုသာ ရောင်းချတာပါ။ အိမ်သာခွက်ထဲမှာ ထည့်ထားတဲ့ စားစရာတွေကို ပန်းကန်ထဲပြောင်းထည့်ပေးပေမယ့် အမြင်နဲ့တင် စားချင်စဖွယ်မရှိပါဘူး။

play

 

ဒီစားသောက်ဆိုင်ရဲ့ ရည်ရွယ်ချက်ကတော့ အိမ်သာကိုသန့်သန့်ရှင်းရှင်း သုံးစွဲကြဖို့ နှိုးဆော်လိုခြင်းဖြစ်ပါသတဲ့။ အင်ဒိုနီးရှားနိုင်ငံသား အတော်များများဟာ ဆင်းရဲနွမ်းပါးတာကြောင့် ရေချိုးခန်းနဲ့အိမ်သာကို ကောင်းကောင်းမွန်မွန် မပြုလုပ်နိုင်ကြပါဘူး။ ချုံပုတ်ထဲမှာ ကိစ္စရှင်းကြလို့ ရောဂါတွေလည်း ပျံ့နှံ့နေရပါတယ်။

play

 

အိမ်သာကဖေးရဲ့ပိုင်ရှင်ဟာ ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်ပြီး ဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို ကျန်းမာရေးအကြံပေးချက်တွေလည်း ပေးလေ့ရှိပါတယ်။ အိမ်သာကဖေးကိုတော့ ဂျာဗားကျွန်းက Semarang မှာ ဖွင့်လှစ်ထားတာပါ။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ