Food & Travel: နယူးဇီလန်က တခြမ်းစောင်းအိမ်တွေရှိရာ ပဉ္စလက်လမ်း

ကြည့်ရတာမူးသွားလောက်ပါတယ်။

play

 

နယူးဇီလန်က လမ်းတစ်ခုကို ကမ္ဘာတစ်ဝန်းက ဧည့်သည်အများအပြား လာရောက်ကြပါတယ်။ ဒီလမ်းရဲ့ အမြင်အာရုံလှည့်စားမှုက ခရီးသွားတွေကို ဆွဲဆောင်နေတာပါ။

play

 

နိုင်ငံရဲ့ တောင်ဘက်ကျွန်းစု Dunedin မြို့က Baldwin လမ်း ဖြစ်ပါတယ်။ လမ်းထဲကအိမ်တွေကိုကြည့်လိုက်ရင် တစ်ခြမ်းစောင်းတာလား မြေကြီးထဲမြုပ်နေတာလားဆိုတာ မသဲကွဲပါဘူး။

play

 

လမ်းကတော့ မီတာ ၃၅၀ လောက်တောင် မရှည်ပါဘူး။ ဒါပေမဲ့ ၂.၈၆ မီတာတိုင်းမှာ ရေပြင်ညီမျဉ်းလို ဖြစ်နေကာ ၁ မီတာစီ မြင့်တက်တိမ်းစောင်းနေတာကတော့ ဆန်းပါတယ်။

play

 

Cadbury Jaffa Race ဆိုတဲ့ ပြိုင်ပွဲကိုလည်း  လမ်းမှာနှစ်စဉ်လုပ်ပါသေးတယ်။ အနီရောင်ချောကလက် ထောင်ပေါင်းများစွာကို တောင်ကုန်းထိပ်ကနေ လွှတ်ချလိုက်ရင် ငွေကြေးပြေလည်တယ်၊ ငွေဝင်တယ်ဆိုတဲ့အယူနဲ့ ပြုလုပ်ကြတာပါ။

play

 

ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ကတော့ ဘောလ်ဝင်းလမ်းကို ကမ္ဘာ့စောက်အနက်ဆုံးလမ်းအဖြစ် မှတ်တမ်းတင်ထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ