Food & Travel: တစ်ခါစားပြီး အိမ်ထဲမှာ ပြန်စိုက်လို့ရတဲ့ အပင် (၃) မျိုး

အိမ်ထဲမှာ အလှအဖြစ် စိုက်ထားရင်း မီးဖိုချောင်အတွက်လည်း အသုံးဝင်ပါတယ်။

play

 

၁ - ပင်စိမ်း

ရိုးတံ လေးလက်မလောက် ရှည်တဲ့ ပင်စိမ်းပင်ကို ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်ပါ။ အမြစ် နှစ်လက်မလောက်ရှည်တဲ့ အချိန်မှာ ပန်းအိုးသေးသေးလေးထဲ ပြောင်းစိုက်ပါ။ နေရောင်ခြည်ရတဲ့ နေရာမှာ ထားဖို့တော့ လိုပါတယ်။

၂ - တရုတ်နံနံပင်

play

 

ပင်စိမ်းလိုပဲ ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်ထားရင် အမြစ်တွေက ပွားလာပါတယ်။ ပြီးရင်တော့ အိုးသေးလေးထဲ ပြောင်းစိုက်ပါ။ လအနည်းငယ်တွင်း  ကြီးထွားတဲ့ အပင်တွေ ထွက်လာပါလိမ့်မယ်။

၃ - ကြက်သွန်မြိတ်

play

 

အမြစ်နဲ့ တစ်လက်မလောက်ရှည်တဲ့ အတက်ကို ရေရှိတဲ့ ဖန်ခွက်ထဲ ထည့်ထားပါ။ ငါးရက်လောက်အတွင်း ရှည်ထွက်လာပါမယ်။

Photos & Source: Wonder How To

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ