Food & Travel: ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းမှာ ဗီယက်နမ်က အဆင့်(၅) ချိတ်

အာရှမှာ အပျော်ရွှင်ဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။

play

 

Happy Planet Index (HPI) က နိုင်ငံ ၁၄၀ ကို လေ့လာပြီး ၂၀၁၆ ခုနှစ်အတွက် အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းကို စစ်တမ်းထုတ်ပြန်ရာမှာ အရှေ့တောင်အာရှနိုင်ငံအနေနဲ့ ဗီယက်နမ်က ထိပ်ဆုံးကိုရောက်လာပါတယ်။ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းမှာတော့ အဆင့် ၅ နေရာရောက်လာခဲ့ပါတယ်။

play

 

လူ့သက်တမ်း၊ ကျန်းမာပျော်ရွှင်မှု၊ စီးပွားရေးအခြေအနေတို့လို အချက်အလက်တွေကို အခြေခံတွက်ချက်ပြီး အဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံမှာ ကော်စတာရီကာဖြစ်ပြီး ယင်း၏နောက်တွင် မက္ကဆီကို၊ ကိုလံဘီယာ၊ ဗန်နွာတူနဲ့ ဗီယက်နမ်တို့က အသီးသီးရပ်တည်နေပါတယ်။

play

 

ဗီယက်နမ်နိုင်ငံသားတွေဟာ ပျမ်းမျှအားဖြင့် ၇၅.၅ နှစ် ကျန်းမာစွာနဲ့ရှင်သန်နေကြတာကို တွေ့ရပါတယ်။ အမေရိကန်တွေကတော့ ပျမ်းမျှလူ့သက်တမ်း ၇၈.၈ နှစ် ဖြစ်လင့်ကစား ဗီယက်နမ်တွေလောက် မကျန်းမာကြပါဘူး။ ဒါ့ပြင် ဗီယက်နမ်ရဲ့သဘာဝပတ်ဝန်းကျင် စိမ်းလန်းမှုနဲ့ ရာသီဥတုကလည်း ပြည်ပခရီးသွားတွေအဖို့ လာရောက်ချင်စရာကောင်းနေပြန်ပါတယ်။

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ