Food & Travel: ပန်းသီးကို နည်းလမ်းမှန်မှန် ဘယ်လိုစားမလဲ

အစေ့တွေက လွဲလို့ ပန်းသီးကို အလယ်အူတိုင်ပါမကျန်အောင် စားလို့ရတဲ့ နည်းလမ်းရှိပါတယ်။

play

 

နေ့စဉ်နဲ့ အမျှ ကမ္ဘာကြီးမှာ အကောင်းတိုင်းကျန်နေတဲ့ အစားအသောက်တွေ ပြုန်းတီးမှု ဖြစ်ပေါ်လျှက်ရှိပါတယ်။ နှစ်စဉ် ကမ္ဘာမြေက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေရဲ့ အကောင်းတိုင်းကျန်တဲ့ အစားအသောက်တွေ ပြုန်းတီးမှုဟာ သန်းပေါင်း ၂၂၂ တန်လောက် ရှိတယ်လို့ စာရင်းတွေက ဖော်ပြပါတယ်။

play

 

အစားအသောက်တွေကို စားမယ်လို့ ရည်ရွယ်ပြီးတော့မှ မစားဖြစ်တော့လို့ လွှင့်ပစ်ရတာလည်း ပြုန်းတီးတ ဖြစ်သလို၊ မစားတတ်လို့ အစားတွေ ကျန်ခဲ့တာလည်း ပြုန်းတီးတာ ဖြစ်ပါတယ်။ လူအများစု မှားယွင်းမှတ်ယူနေကြတဲ့ ပန်းသီးစားပုံဟာ ဒီလို အစားအသောက် ပြုန်းတီးမှုကို ဖြစ်ပေါ်စေပါတယ်။

play

 

ပန်းသီးတစ်လုံးကို နည်းလမ်းမှန်မှန် စားမယ်ဆိုရင် အစေ့တွေက လွဲလို့ အလယ်အူတိုင်ကိုပါ အန္တရာယ်ကင်းကင်းနဲ့ စားသုံးနိုင်ပါတယ်။

ဒီဗီဒီယိုထဲမှာ ပြထားတဲ့အတိုင်း အလယ်ကနေ ပန်းသီးကို မကိုက်ပဲ အောက်ပိုင်းကနေ စပြီး ကိုက်စားမယ်ဆိုရင် တစ်လုံးလုံး မကျန် ကုန်အောင် စားနိုင်ပါတယ်။

Source : Huffingtonpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ