Food & Travel: အခွံနွှာရင်မျက်ရည်မကျတဲ့ ကြက်သွန်နီကို ဂျပန်မှာရောင်းချ

ကြက်သွန်နှစ်ဥပါ အထုပ်တစ်ထုပ်ကို ယန်း ၄၅၀ (၄.၃ ဒေါ်လာ)နဲ့ ရောင်းချမှာပါ။ ပုံမှန်ထက်တော့ နှစ်ဆလောက်ပိုဈေးကြီးတာပေါ့။

play

 

ကြက်သွန်နီဟာ ကျန်းမာရေးကောင်းကျိုးပေးတဲ့အရာဖြစ်ပြီး အစားအသောက်တွေချက်ပြုတ်ရာမှာလည်း အမြဲတမ်းလိုလို ထည့်သွင်းချက်ပြုတ်ရပါတယ်။ ဒါပေမဲ့ ကြက်သွန်နီခွာရတာတော့ မလွယ်ပါဘူး။ အခွံနွှာတိုင်း၊ လှီးဖြတ်တိုင်းမှာ ကြက်သွန်နီကြောင့် အမြဲတမ်းမျက်ရည်ကျရပါတယ်။

play

 

ဂျပန်အစားအသာက်ကုမ္ပဏီတစ်ခုကတော့ ဒီဒုက္ခမခံရအောင် မျက်ရည်မကျတဲ့ကြက်သွန်တွေ ထုတ်လုပ်လိုက်ပါပြီ။ လာမယ့်ဆောင်းတွင်းမှာ စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ ကမ္ဘာ့ပထမဆုံး မမွှန်တဲ့ကြက်သွန်နီလည်း ဖြစ်ပါတယ်။ Smile Ball လို့ အမည်ပေးထားတဲ့ ကြက်သွန်နီကို ဆယ်စုနှစ် နှစ်ခုစာ သုတေသနလုပ်ခဲ့ပြီးပြီလို့လည်း သိရပါတယ်။ ကြက်သွန်နီအခွံနွှာတိုင်း မျက်ရည်ကျမယ့်အစား အိမ်ရှင်မတွေ အပြုံးပန်းဆင်နိုင်တော့မှာဖြစ်တာကြောင့် Smile Ball (အပြုံးလုံးလေး)လို့ အမည်ပေးထားတာဖြစ်တယ်လို့ House Food Group ကုမ္ပဏီက ပြောပါတယ်။

Source : Oddity

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ