Food & Travel: တရုတ်မှာစတင်မောင်းနှင်လိုက်တဲ့ ဓာတ်လှေကားပါ အဆင့်မြင့်ဘတ်စ်ကား

, updated

ဘရာဇီးနဲ့ အိန္ဒိယတို့ကလည်း ဒီဇိုင်းကိုမိတ်ဆက်စဉ်ကတည်းက စိတ်ဝင်စားနေခဲ့ကြပါတယ်။

play

 

တရုတ်နိုင်ငံက ဖန်တီးထားတဲ့ ဓာတ်လှေကားပါဘတ်စ်ကားကို အင်္ဂါနေ့မှာ စတင်စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ဓာတ်လှေကားပါသယ်ယူပို့ဆောင်ရေးယာဉ် (TEB) ကို ဟူဘေးပြည်နယ်က လမ်းမပေါ်မှာ စတင်စမ်းသပ်မောင်းနှင်ရာမှာ အဆင်ပြေပြေရှိခဲ့တာကိုတွေ့ရပါတယ်။

play

TEB ဟာ ဓာတ်လှေကားပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးဘတ်စ်ကားဖြစ်လာပါတယ်။ ယင်းကို ယာဉ်ကြောကျပ်တည်းမှုတွေကို ကူညီဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတာပါ။ သာမာန်ကားတွေကို ခွကျော်ပြီးမောင်းနှင်နိုင်မှာဖြစ်တာကြောင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှု လျော့ကျလာမယ်လို့ယူဆရပါတယ်။

play
play

 

ကားရဲ့အရှည်က ၂၂ မီတာရှိပြီး အကျယ် ၇.၈ မီတာ ရှိကာ ခရီးသည်ပေါင်း ၃၀၀ ကို သယ်ဆောင်မောင်းနှင်နိုင်တယ်လို့လည်း သိရပါတယ်။

Source : Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ