Food & Travel: ထောပတ်သီး တကယ်မှည့်တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ

လက်နဲ့ဖိကြည့်လို့ ပျော့သွားတာကြောင့် မှည့်တယ်ဆိုပြီး ဝယ်လာမိတတ်ပါတယ်။

play

 

ထောပတ်သီးကို လက်နဲ့ဖိကြည့်လို့ ပျော့သွားတာကြောင့် မှည့်တယ်ဆိုပြီး ဝယ်လာခဲ့ပေမဲ့ စားခါနီးမှ ထင်သလို မဟုတ်တာကို တွေ့ကြရပါတယ်။ ဒီလိုပြဿနာမျိုး မကြုံရစေဖို့ သဘာဝအတိုင်း မှည့်တာကို သိနိုင်မယ့် အလွယ်နည်းလေး ဖော်ပြလိုက်ပါတယ်။

play

 

ပုံမှာ ပြထားတဲ့အတိုင်း ထောပတ်သီးထိပ်မှာ အညှာခွံလေးရှိပါတယ်။ ဒီအညှာခွံလေးကို ချွတ်လိုက်လို့ လွယ်လွယ်နဲ့ ကျွတ်သွားပြီး အောက်မှာ အစိမ်းရောင် သန်းနေပြီဆိုရင်တော့ ထောပတ်သီးကောင်းတစ်လုံးကို သင်ရပါပြီ။ စားသင့်နေပြီဖြစ်တဲ့ ထောပတ်သီးအမှည့်တစ်လုံးပါပဲ။

play

 

တကယ်လို့အောက်ဘက်မှာ အညိုရောင်သန်းနေတယ်ဆိုရင်တော့ အမှည့်လွန်နေတဲ့ ထောပတ်သီး ဖြစ်ပါတယ်။ အညှာခွံကို အလွယ်တကူ ခွာလို့မရဘူးဆိုရင်တော့ ဒါဟာ မမှည့်သေးတဲ့ ထောပတ်သီး ဖြစ်ပါတယ်။

Photos & Source: Kitchn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ