Food & Travel: ပေ ၄၆၀၀ အမြင့်မှ တောင်ကမ်းပါးယံ ဖန်သားပြင်လျှောက်လမ်း

တီအန်မင်ရှန်း အမျိုးသားဥယျာဉ် နယ်မြေအတွင်း တည်ဆောက်ဖွင့်လှစ်လိုက်တဲ့ တတိယမြောက် ဖန်သားပြင်လျှောက်လမ်းလည်း ဖြစ်ပါတယ်။

play


တရုတ်နိုင်ငံတောင်ပိုင်း တီအန်မင်တောင်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ ဖန်သားပြင်လျှောက်လမ်းကို သြဂုတ် ၁ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

play


ယခု ဖွင့်လှစ်လိုက်တဲ့ 'Coiling Dragon Cliff' ဖန်သားပြင်လျှောက်လမ်းဟာ တီအန်မင်ရှန်း အမျိုးသားဥယျာဉ် နယ်မြေအတွင်း တည်ဆောက်ဖွင့်လှစ်လိုက်တဲ့ တတိယမြောက် ဖန်သားပြင်လျှောက်လမ်းလည်း ဖြစ်ပါတယ်။

  play


ဖန်သားပြင်လျှောက်လမ်းမှာ ပေ ၄,၆၀၀ မြင့်တဲ့ တီအန်မင်တောင်မှာ တည်ဆောက်ထားပြီး လျှောက်လမ်းအကျယ် ၅ ပေရှိပြီး အရှည် ပေ ၃၃၀ ရှိကြောင်း သိရပါတယ်။

play


'Coiling Dragon Cliff' ဖန်သားပြင်လျှောက်လမ်းက ကမ္ဘာလှည်ခရီးသည်တွေကို ဆွဲဆောင်နိုင်မယ့် နေရာတစ်ခုလည်း ဖြစ်လာမှာပါ။

play


တီအန်မင်ရှင်း အမျိုးသားဥယျာဉ်အတွင်း ပထမဆုံး တောင်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ ဖန်သားပြင်လျှောက်လမ်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

play


ယခုနှစ် မေလအတွင်းမှာလည်း တောင်ကမ်းပါးနှစ်ခုကို ဆက်သွယ်ထားတဲ့ ဖန်သားပြင်တံတားကို တည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ