Food & Travel: အခန်းပေါင်း တစ်သောင်းကျော်ပါတဲ့ ကမ္ဘာ့အကြီးဆုံးဟိုတယ်

ရှေ့နှစ်မှာဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

play

 

အာရပ်စော်ဘွားများပြည်ထောင်စု၊ မက္ကာမြို့က ဧရာမဟိုတယ်ကြီးဟာ ကမ္ဘာ့အကြီးမားဆုံး ဟိုတယ်ကြီး ဖြစ်လာတော့မှာပါ။

play

Abraj Kudai အမည်ရှိ ဟိုတယ်ကြီးကို ဆောက်လုပ်နေပြီလို့လည်း သိရပါတယ်။ အခန်းပေါင်း ၁၀၀၀၀ ၊ စားသောက်ဆိုင်ပေါင်း ၇၀ နဲ့ ရဟတ်ယာဉ်ကွင်း ၅ ခု ထည့်သွင်းဆောက်လုပ်ထားပါတယ်။ အကျယ်အားဖြင့် ကုဗပေ ၁၅ သန်း ရှိပြီး အထပ် ၄၅ ထပ်ပါဝင်တဲ့ ဒီဟိုတယ်ကြီးကို လာမယ့်နှစ်မှာဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။ ဆော်ဒီရဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဟိုတယ်ကြီးကိုဆောက်လုပ်နေတာဖြစ်ပြီး ဆောက်လုပ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃.၅ ဘီလီယံ ကုန်ကျဖွယ်ရှိပါတယ်။

play

 

လက်ရှိအချိန်ထိ ကမ္ဘာ့အကြီးဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတာကတော့ အခန်း ၇၃၅၁ ခန်း ပါဝင်တဲ့ မလေးရှားက The First World ဟိုတယ်ပါ။ Abraj Kudai ဟိုတယ်သာ ဖွင့်လှစ်ပြီးရင်တော့ The First World ရဲ့ ကမ္ဘာ့အကြီးဆုံးဟိုတယ်နာမည်ကို လွှဲပြောင်းရယူနိုင်တော့မှာဖြစ်ပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ