Food & Travel: နိုင်ငံ နှစ်နိုင်ငံမှာ တစ်ချိန်တည်း အိပ်လို့ရတဲ့ ဟိုတယ်

အထူးအဆန်းတွေ နှစ်သက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက်တော့ အာဘက်ဇ်ဟိုတယ်လေးက ဆွဲဆောင်မှုအပြည့်ဖြစ်နေတာ အမှန်ပါပဲ။

play


ကြယ်နှစ်ပွင့်အဆင့် အာဘက်ဇ်ဟိုတယ်က ပြင်သစ်နဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံကို ခွလျက်တည်ဆောက်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။ အဆိုပါ ဟိုတယ်အဆောက်အအုံကို ၁၉ ရာစုအတွင်း နှစ်နိုင်ငံကြား နယ်စပ်မျဉ်းသတ်မှတ်ရေးဆွဲမှု မပြုလုပ်ရသေးခင်မှာ တည်ဆောက်ခဲ့ပါတယ်။

play


၁၈၆၂ ခုနှစ်မှာတော့ အဆောက်အအုံ တည်ရှိနေတဲ့ နေရာတည့်တည့်မှာ ပြင်သစ်နဲ့ဆွစ်ဇာလန် နှစ်နိုင်ငံကြား နယ်စပ်မျဉ်း ရေးဆွဲသတ်မှတ်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ ဂျူလက်စ် ဂျိုးဇက် အာဘက်ဇ်ဆိုသူက အဆိုပါ အဆောက်အအုံကို ဝယ်ယူခဲ့ပြီး ဟိုတယ်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

play


ကမ္ဘာပေါ်က ဟိုတယ်တွေမှာ လိပ်စာတစ်ခုတည်းသာ ရှိကြပေမဲ့ အာဘက်ဇ်ဟိုတယ်ကတော့ ပြင်သစ်နဲ့ဆွစ်ဇာလန် လိပ်စာနှစ်မျိုးရှိတဲ့ ဟိုတယ်ပါ။ လိပ်စာနှစ်မျိုးသာမကာ ဟိုတယ်အတွင်းမှာလည်း နိုင်ငံ နှစ်နိုင်ငံကြား စက္ကန့်ပိုင်းအတွင်း ကူးလူးသွားလာနိုင်ပါသေးတယ်။

play


ဒါ့အပြင် နယ်စပ်မျဉ်းအပေါ်မှာမှာ ပြင်ဆင်ထားတဲ့ ဟိုတယ်ခန်းအတွင်း တည်းခိုအိပ်စက်မယ်ဆိုရင်တော့ ခုတင်တစ်လုံးမှာပဲ ပြင်သစ်နိုင်ငံဘက်နဲ့ ဆွစ်ဇာလန်နိုင်ငံဘက် ခွဲခြားထားပါသေးတယ်။ ခေါင်းအုံးအစွပ်တွေမှာ ပြင်သစ်နဲ့ဆွစ်ဇာလန် အလံတွေနဲ့ ခွဲခြားသတ်မှတ်ထားတာလည်း တွေ့နိုင်ပါတယ်။

play


တည်းခိုနေထိုင်သူဟာ ပြင်သစ်ဘက်မှာ ခေါင်းထားပြီး ဆွစ်ဇာလန်ဘက်မှာ ခြေထောက်ထားပြီ အိပ်စက်နိုင်သလို ဟိုနိုင်ငံ ဒီနိုင်ငံ တစ်ကြိမ်မျှလှိမ့်ရုံမျှဖြင့် ကူးပြောင်းအိပ်စက်နိုင်မှာလည်း ဖြစ်ပါတယ်။

play


အထူးအဆန်းတွေ နှစ်သက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက်တော့ ပြင်သစ်နဲ့ဆွစ်ဇာလန် နယ်စပ်မျဉ်းပေါ်တည့်တည့်မှာ ရှိနေတဲ့ အာဘက်ဇ်ဟိုတယ်လေးက ဆွဲဆောင်မှုအပြည့်ဖြစ်နေတာ အမှန်ပါပဲ။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ