Food & Travel: ပြင်သစ်နှင်းဆီနဲ့လုပ်တဲ့ နှင်းဆီဝိုင်ချောကလက်

စားရမှာတောင် နှမျောဖို့ကောင်းလွန်းနေပါတယ်။

play

 

အစားအသောက်အမျိုးမျိုးကို တီထွင်ဖန်တီးလာကြတဲ့အထဲမှာ နှစ်သက်ဖွယ်ရာ ချောကလက်အသစ်တစ်မျိုးလည်း ထပ်မံထွက်ပေါ်လာပါတယ်။ နှင်းဆီပန်းတွေနဲ့ ပြုလုပ်ထားတဲ့ ချောကလက်ဖြစ်ပါတယ်။

play

 

Compartés ချောကလက်ကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်တဲ့ Roses & Rosé ချောကလက်ဟာ တောက်ပတဲ့ပန်းနုရောင်နဲ့ ချစ်စရာကောင်းတဲ့အသွင်ရှိပါတယ်။ ပြင်သစ်နှင်းဆီရဲ့ပွင့်ချပ်တွေကို ဝိုင်နဲ့ပေါင်းစပ်ထည့်သွင်းကာ ချောကလက်ဖြူနဲ့ ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။

play

 

လာမယ့် ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)မှာ စတင်ရောင်းချမှာဖြစ်ပြီး ရောင်းဈေးအနေနဲ့ ချောကလက်တစ်ခုကို ဒေါ်လာ ၁၀ ကျသင့်မယ်လို့ ဆိုပါတယ်။

Source : InStyle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ